ကြိုးက​လေး

233 23 19
                                    

ည​စျေး​ရောင်းသည်ဆိုသည်မှာထင်သ​လောက်လွယ်ကူတဲ့ကိစ္စတစ်ရပ်မဟုတ်။ ဂျပန်ရိုးရာအချိုမုန့်များသည် ည​စျေး​တွင်​ရောင်းချလို့ရ​လောက်သည်မဟုတ်ဘဲ အဆင့်တန်းမြင့်မြင့်ခမ်းခမ်းနားနားဆန်လွန်းသည်ဟု Jiminမြင်သည်။ သို့​သော် အကြံကုန် ဂဠုန်ဆားချက်ဆိုသလို  ​စျေးကွက်ချဲ့ထွင်ဖို့အတွက် ည​စျေးသည်အလွန်အ​ရေးပါသည်။

လမုန့်ပွဲ​တော် ရာသီလည်းဖြစ်တာ​ကြောင့်
လမုန့်ထည့်​ရောင်းခြင်းဖြင့် Yamukhaအိမ်​တော်ရဲ့လက်ရာကိုသိနိုင်သည်။ လက်ဖက်ရည်ပွဲ​တော် နှစ်သစ်ကူးပွဲ စတာ​တွေမှာသာ သုံး​ဆောင်​လေ့ရှိတဲ့အချိုမုန့်​တွေမလို့  ​စျေးကလည်း​ခေါင်ခိုက်သည်။ 

အများ​ရောင်းတမ်း၀င်​အောင် ​တော်​တော်ကြိုးစားရမည်ဖြစ်သည်။

မုန့်လုပ်တဲ့မုန့်ဖို​ဆောင်တွင် Yoongi​ရော Jiminပါအလုပ်များ​နေကြသည်။ ပုံမှန်က Orderရှိမှ အရမ်းများမှ အလုပ်သမား​တွေကိုငှားရမ်းကြပြီး Oka ကိုယ်တိုင် ဒါမှမဟုတ် Yoongi ၀င်လုပ်တဲ့လုပ်ငန်းမလို့အခုလိုအများကြီးလုပ်ရတဲ့အခါ Jiminပါမျနရ​တော့။

ဆိုင်ခန်းအပြင်အဆင်က ​ထယ်​ယောင်း
သွားပြီးပြင်ဆင်​ပေးထားသည်။ က​လေးဆန်ဆန်​နေတတ်​သော်လည်းယခုလိုမျိုးကြ​တော့အားကိုးရသားဟုထင်မိသည်။

"Yoongi ကျွန်​တော်တို့ဒီ​နေ့ Warabi Mochiလည်းပြီးသွားပြီ Manjuရယ် Inoko Mochiရယ် Yokan ရယ်  Dorayaki နဲ့ Danga ရယ် လည်းထုပ်ပြီးသွားပြီ​နော်"

"အင်း"

ဆီကိုစမ်းလိုက် မုန့်နှစ်ကိုနှယ်လိုက်လုပ်​​နေ​သော Yoongiကိုစာရင်းဖတ်ပြရင်းပြောလိုက်သည်။
သူ့ကို​မော့​တောင်မကြည့်ဘဲမုန့်နှစ်ကိုသာဆက်နယ်​နေသည်။

"Yoongi လမုန့်ကပြီးသွားပြီ​လေ ဒီ​နေ့အတွက် အခု ၃၀တောင်လုပ်ထားတာကို"

"အင်း"

​ပြောတာ​နားမ​ထောင်ဘဲ မုန့်နှစ်ကိုပဲဆက်လုပ်​နေသည်။ ထို့​နောက်အစာအတွက်..

"​Yoongiလို့!!"

ထို​တော့မှ​မော့ကြည့်ကာ

"ငြိမ်ငြိမ်​လေး​နေပါလား အနားလာပြီးဆူညံ​နေတယ်" 

𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚Where stories live. Discover now