Yamukha အိမ်​တော် မှ (၂)

230 21 16
                                        

​လေထုကား တိတ်ဆိတ်ငြိမ်သက်လှသည်။ ​အေးမြ​နေလားဆို၍မဟုတ်။ မသိမသာတုန်လှုပ်​နေခြင်းကြောင့်​ချွေး​သီး​လေး​တွေစို့​နေသည်။ ဂျီမင် ကိုစူးရဲရဲကြည့်​နေသည့်မျက်၀န်းများ...ခပ်တင်းတင်း​စေ့ထား​သောနှုတ်ခမ်း​တွေ။

"ဟို.."

"မင်းဒီအိမ်ကိုဘာ​ကြောင့်​ရောက်လာတယ်ဆိုတာသိတယ်မလား"

ဂျီမင် နှုတ်ဆိတ်​နေလိုက်သည်။ အ​ကြောင်းရင်းကို​ပြောရင် ဆန်ပြုတ်​ကစ၍အ​ခြေပြုခဲ့​သောဇာတ်လမ်းပင်။ သခင်မကြီးရဲ့အလိုအရ​ရောက်လာတာပါဆိုရင် ထပ်ပြီးအရိုက်ခံရဦးမည်။

"ဘယ်လိုအ​ကြောင်း​ကြောင့်ပဲ​ရောက်လာတာ ဖြစ်ပါ​စေ ယာမုခ အိမ်​တော်ကို​ရောက်လာပြီဖြစ်လို့ ဒီအိမ်​တော်ရဲ့အကျင့်အတိုင်း  ​ဂေရှားဖြစ်ရမယ်"

"ဗျာ!!"

ဂျီမင် ထိတ်လန့်စွာအော်လိုက်မိသည်။ ​ဂေရှားဆိုတာ....။ ​မေ​မေ​ပြောခဲ့ဖူးတဲ့​ "တစ်သက်လုံး ​ဂေရှားဆိုတဲ့စကားလုံးနဲ့​ဝေး​ဝေး​နေပါ" ...ခု​တော့ ​သူက ​ဂေရှားလုပ်ရမယ်။ ​ဂေရှားဆိုတာ..မျက်နှာ​ချေဖြူဖြူ​တွေလိမ်းပြီး လှလှပပ ကပြတဲ့အလှမယ်​တွေလား။ ဒါမှမဟုတ် လမ်းမှာ မျက်နှာ​ချေဖြူ​ဖြူ​တွေနဲ့အမျိုးသမီးတွေကို​တွေ့ရင် ​​မေ​မေရှောင်ထွက်သွားတတ်တဲ့သူ​တွေလား..။ ၈နှစ်အရွယ်ဆိုတဲ့ဦး​နှောက်ထဲမှာ​မေးခွန်း​တွေစီလို့ပါ။...

"မင်းက ​ယောက်ျား​လေး ဒါ​ပေမယ့် သိပ်လှတယ် ပြီး​တော့ ဒီမြို့မှာ ​ဂေရှား​ယောက်ျား​လေးဆိုတာ တအားရှားတယ်ဆို​တော့ မင်းဘဝအတွက်လုံ​လောက်တဲ့​​ကြေး​တွေရမယ်​လေ.."

​ကြေး..​​ကြေးဆိုတာဘာလဲ...ပိုက်ဆံကို​ပြောတာလား..

"ကျွန်​တော် ​ကြေး​တွေ အများကြီးရရင် ဒီ​နေရာကထွက်သွားပြီး ​မေ​​မေ့ကို ရှာလို့ရမှာလား"

ဂျီမင် အရဲစွန့်ပြီး​မေးလိုက်သည်။ ​မေ​မေက​ပြောဖူးသည်။ အရာရာတိုင်းမှာတန်ဖိုးဆိုတာရှိသည်တဲ့။ ​​သေချာ​ပေါက် အဲဒီ​ ကြေး ဆိုတာ​ ​မေ​မေ့ကိုရှာလို့ရမယ့်အရာဖြစ်ရမှာ​ပေါ့​လေ။

𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚Where stories live. Discover now