"mama"
"ပြောလေ သားရဲ့"
ညသန်းခေါင်အထိ မုန့်ဆိုင်နဲ့ပတ်သက်တဲ့စာရင်းတွေတွက်နေသော Oka sanနားကိုသွားထိုင်လိုက်သည်။
"အိပ်မပျော်လို့လား သား ဒါမှမဟုတ် သားကြီးကစာတွေရေးခိုင်းနေလို့လား"
"Yoongi အဲလေ..."
Oka sanရှေ့မှာ Yoongiကို နာမည်တပ်ခေါ်မိတာကြောင့်အားနာသလိုတော့ဖြစ်သွားမိသည်။ အရင်ကတော့တိုက်ရိုက်ပြောတာမဟုတ်ဘူးလေ။
"Yoongi လို့ပဲခေါ်လည်းရပါတယ် သားရဲ့"
"ဟုတ်ကဲ့ mama Yoongiကသားကိုဒီနေ့အနားပေးထားတာ အဲ့ဒါ ပျင်းနေလို့"
"mamaလည်း တစ်ယောက်တည်းပျင်းနေတာ သားလာတော့အဆင်ပြေတာပေါ့"
Oka sanရဲ့အနားမှာထိုင်နေရင်း မုန့်ဆိုင်စာရင်းတွေကိုကြည့်နေမိသည်။ တစ်ခုသတိထားမိလိုက်တာက သိသိသာသာကျသွားသောမုန့်ဆိုင်ရဲ့အရောင်းအားများပင်။ ယခင်ကမှာယူနေကြ မုန့်အရေအတွက်တွေနည်းလာပြီး ဖောက်သည်ရင်းတွေကပဲမှာကြသည်။
"mama တစ်ခုမေးချင်လို့"
"မေးလေ သားလေးရဲ့"
"မုန့်ဆိုင်အရောင်းအားကျသွားတာလား"
"ဟင်း..."
mamaက သက်ပြင်းတစ်ချက်ချလိုက်ရင်းပြုံးသည်။ ထို့နောက်..
"လူတွေကအရင်ကလို ရိုးရာကိုသိပ်ပြီးတန်ဖိုးမထားတတ်ကြတော့တာလဲ ပါမှပေါ့လေ mamaတို့ရဲ့ အချိုမုန့်တွေကလက်၀င်တယ် တော်၀င်ဆန်တယ် စျေးကလည်းပေါပေါပဲပဲ မဟုတ်တော့ တော်ရုံ၀ယ်မစားကြတော့ဘူးပေါ့ အဲ့ဒီလို၀ယ်မစားလေလေ လူသိနည်းလေလေ"
Oka sanရဲ့မျက်နှာလေးက သိသိသာသာကိုညိုးကျသွားသည်။ ရိုးရာမုန့်လုပ်ငန်းကို Oka sanမည်မျှချစ်မှန်း Jimin သိပါသည်။
"ဒါပေမယ့်လည်း စိတ်မပျက်ပါနဲ့သားရယ် ဒီလိုပဲပေါ့"
"ဟုတ်ကဲ့ mama"
Oka sanက Jiminရဲ့ခေါင်းလေးကိုပွတ်ပေးလိုက်ပြီး..
"မအိပ်သေးဘဲ ဒီမှာလုပ်နေတာလဲ မနက်ကျောင်းတက်ရမယ်ဆိုတာမသိဘူးလား"
YOU ARE READING
𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚
Fanficအချိန်ကာလတွေဘယ်လိုရွေ့ရွေ့ တည်နေရာတွေဘယ်လောက်ပြောင်းပြောင်း ကျွန်တော် Yoongiအနားမှာပဲရှိနေမယ်ဆိုတာယုံတယ်မလား.. ချစ်တယ် ဒါပေမယ့်ကိုယ်ထုတ်ပြောစရာလိုသေးလား Momijiလေး ကမ္ဘာကြီးတစ်ခုလုံးက မင်းကို ဆန့်ကျင်နေရင်တောင် ငါ မင်းကို ယုံထားမှာ သိ...