"mama သား သွားတော့မယ်နော်"
"အေး သားလေး မနက်စာမစားဘူးလား"
မီးဖိုခန်းထဲကနေထွက်လာတဲ့ Oka sanကဘာတွေချက်နေတာလဲဆိုတာမမေးဘဲသိပြီးသား။ သူ့အကြိုက် အူဒုံခေါက်ဆွဲဖြစ်သည်။ သို့သော်...
ခဏနေရင် ဟို ကြောင်သခင် နိုးလာတော့မည်။ ထိုအခါ သူနှင့် မျက်နှာချင်းဆိုင်ရဦးမည်။မတွေ့လို။ မနေ့ညက ထို ကြောင်စုတ် ကောင်းကောင်းအိပ်ပျော်နေချိန် လက်တွေနာသည်အထိ စာတွေရေးခဲ့ရသည်မဟုတ်လော။ Bio ကိုမကြိုက်၍စာမေးပွဲတွင်တောင်ထည့်၍မဖြေသောJiminသည်ထို ကြောင်စုတ်ရဲ့စာတွေကိုညည်းငွေ့အောင်ရေးလိုက်ရသည်။
Programရေးပြီးအဖြေထုတ်ဖို့ဆိုတာလဲ လွယ်လွယ်ကူကူ Caculationမဟုတ်...Theoryတွေကလည်းများလှပါဘိ။
"သား"
Jimin အတွေးလွန်နေချိန် ဘေးနားရောက်လာသော Oka San..
"အာ မစားတော့ဘူး mama သားဒီနေ့ Projectအတွက်ပြင်စရာရှိတယ် ဒီလိုလုပ်လေ ထည့်ပေးလိုက်ပါနော် သား Busကားပေါ်မှာစားမယ်"
"သားက Busကားနဲ့သွားမလို့လား သားကြီးကိုနှိုး.."
"mama မနှိုးပါနဲ့ သား Busကားပဲစီးချင်လို့"
"အော် အေးအေး"
Oka san ဟင်းထည့်တာကိုမြန်မြန်ပြီးဖို့သာ တုတောင်းနေလိုက်သည်။ ဟုတ်ရင် ဟို မှိုစုတ်နဲ့တွေ့...တွေ့...
"ထမင်းမစားဘဲ သွားရအောင် အရမ်းအရေးကြီးနေပေါ့"
စလာပြီ။ မနက်စောစော စီးစီး ဘုကလန့်။
"အင်း အရမ်းအရေးကြီးတယ်"
"အော်"
ထိုမှိုပွင့်ကသူဘေးနားမှာထိုက်ချလိုက်သည်။ အခုမှမျကိနှာသစ်လာတဲ့ပုံကရေတောင်မခြောက်သေး။ ထို့အပြင် အနီးကပ်မြင်ရတဲ့ မုတ်ဆိတ်မွေးရေးရေးလေးတွေက သေသေသပ်သပ်ရိတ်ထားမှန်းသိသာသည်။
ညစ်ထေးစပြုနေတဲ့ကျောက်ပတ်တီးကြောင့် Jiminခိုးရယ်လိုက်သည်။ မကောင်းမှန်းသိသော်လည်းခံရတာတောင်နည်းသေးသည်ဟုတွေးနေမိသည်။

YOU ARE READING
𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚
Fanfictionအချိန်ကာလတွေဘယ်လိုရွေ့ရွေ့ တည်နေရာတွေဘယ်လောက်ပြောင်းပြောင်း ကျွန်တော် Yoongiအနားမှာပဲရှိနေမယ်ဆိုတာယုံတယ်မလား.. ချစ်တယ် ဒါပေမယ့်ကိုယ်ထုတ်ပြောစရာလိုသေးလား Momijiလေး ကမ္ဘာကြီးတစ်ခုလုံးက မင်းကို ဆန့်ကျင်နေရင်တောင် ငါ မင်းကို ယုံထားမှာ သိ...