"မဖြစ်နိုင်ဘူး ဆုကီ မင်းဘာတွေလျှောက်လုပ်နေတာလဲ မင်းကိုယ်မင်း ဂေရှားအိမ်တော်ရဲ့သခင်မဆိုပြီးထင်ရာစိုင်းနေသလား မင်းမှတ်ထားဖို့က ဂေရှားအိမ်တော် ယာမုခ ဆိုတာ မင်အိမ်တော်ကစတည်ခဲ့တာ"
မင်အိမ်တော်ကြီးရဲ့သခင်မသည် မေမေကြီးဆုကီရဲ့အခန်းထဲတွင်၀င်ရောက်ပြီးလေသံအေးအေးလေးနဲ့ပြောနေသည်။
သို့သော် ကြောက်ဖို့ကောင်းသည်။
အခန်းကိုကာထားတဲ့နံရံကပ်စက္ကူမှအရိပ်တွင် မေမေကြီးဆုကီသည် မတုန်မလှုပ်ထိုင်နေသည်ကိုတွေ့ရ၏။"ဘယ် ဂေရှားက ကျောင်းသွားတာ မြင်ဖူးသလဲဆုကီ ယာမုခအိမ်တော်မှာတစ်ယောက်မှကျောင်းမသွားကြဘူး"
ပြသာနာအရင်းခံက ဂျီမင်းကို ကျောင်းပို့မည့်ကိစ္စ။ ပုံမှန်ဆိုလျှင်အိမ်တော်ကြီးမှ၀င်ရောက်စွက်ဖက်လေ့မရှိသော်လည်း ယခုမူ အိမ်တော်ကြီး၏သခင်မကြီးနားသို့ပေါက်ကြားသွားလေသည်။
"ဒီကလေးကိုစာသင်ပေးချင်တယ်ဆိုရင် စာတတ်တဲ့ ဂေရှား တစ်ယောက်ကိုခေါ်သင် ကျောင်းမသွားရဘူး"
ဂျီမင်း ဘာရယ်မဟုတ် စို့စို့နင့်နင့်ကြီးခံစားလိုက်ရသည်။ ငယ်ငယ်တုန်းကတော့ဂေရှားမယ်ဖြစ်ချင်တာဟာ မေမေ့ကိုရှာဖို့။
အရွယ်ရောက်လာတဲ့အခါသိလိုက်ရတာက မေမေဟာဒီလောကကိုဘာလို့စိတ်ကုန်သွားရသလဲ။ ဘာကြောင့်များ ဒီလောကထဲက စွန့်ခွာခဲ့ရသလဲ ဆိုတာတွေပါထပ်တိုးလာသည်။
ပြီးတော့ ဂျီမင်းရဲ့အဖေ။ သူကရော..။ များပြားလှတဲ့မေးခွန်းတွေကြားမှာ ဒီဂေရှားလောကထဲကိုသူထဲထဲ၀င်၀င်လေ့လာကြည့်မိသည်။
အခုတော့ပြန်ရုန်းထွက်၍မရနိုင်အောင် တွယ်ငြိ
မိချေသည်။အိမ်တော်ကြီးရဲ့သခင်မဟာ တံခါးဝ မှာထိုင်နေတဲ့ ဂျီမင်းကိုတစ်ချက်ကြည့်ကာခပ်ယောင်ယောင်လေးပြုံးလိုက်သည်။
ခန့်မှန်းရခက်တဲ့အကြည့်နဲ့ ဂျီမင်းကိုတစ်ချက်ကြည့်သွားသည်။
YOU ARE READING
𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚
Fanfictionအချိန်ကာလတွေဘယ်လိုရွေ့ရွေ့ တည်နေရာတွေဘယ်လောက်ပြောင်းပြောင်း ကျွန်တော် Yoongiအနားမှာပဲရှိနေမယ်ဆိုတာယုံတယ်မလား.. ချစ်တယ် ဒါပေမယ့်ကိုယ်ထုတ်ပြောစရာလိုသေးလား Momijiလေး ကမ္ဘာကြီးတစ်ခုလုံးက မင်းကို ဆန့်ကျင်နေရင်တောင် ငါ မင်းကို ယုံထားမှာ သိ...