How You Dare

215 21 0
                                    

အ​ရှေ့အရပ်မှ​နေမင်းကထွက်လုလု ကျီစယ်​နေသည်။ ​နေ​ရောင်ခြည်ဖြာနုနုက တစ်စုံတစ်​​ယောက်ရဲ့ပါးပြင်​လေး​ပေါ်ကိုကျလျက်.. ​​

ရွှေ​ရောင်ဝင်းဝင်း​လေးဖြစ်​နေ​သော ပါးနုနု​လေးသည် ​နေ​ရောင်ခြည်​နွေး​နွေး​လေး​ပြောက်​ပြောက် ကျလာ​သောအခါ တစ်ဖက်ကိုလှည့်ချလိုက်သည်။

နာရီကိုကြည့်လိုက်​သော ၅နာရီ ၁၃မိနစ်
Yoongi တစ်ချက်ပြုံးလိုက်ရင်း လက်​မောင်းပေါ်မှာအိပ်​နေတဲ့Momiji မုန့်လုံး​လေးရဲ့ပါး​လေးကိုလက်ထိုးကြည့်လိုက်သည်။

​​ရှေ့ကိုထွက်လာတဲ့နှုတ်ခမ်းရဲရဲ​လေး..မျက်​မှောင်​လေးကအနည်းငယ်တွန့်ချိုးသွားသည်။

"အင်းးးးး"

"ကျွတ်ကျွတ် ပြန်အိပ် ပြန်အိပ်"

သူ့လက်​မောင်းကို​ခေါင်းအုံးသဖွယ်အုံးထားပြီး​ခြေ​ထောက်တစ်ဖက်ကိုခါး​ပေါ်တင်ထားသည်။

တစ်ညလုံးငိုထားတဲ့အရှိန်​ကြောင့်နှာ​ခေါင်းထိပ်​လေးကရဲ​နေသည်။ မနက် ၂နာရီ​လောက်မှအိပ်​ပျော်သွားတဲ့က​လေးငယ်လေးဟာ ၄ ၅ နာရီ​လောက် စကား​တွေ​ပြော​နေသည်။ မြန်မာလိို ​တွေ ​ရော ဂျပန်​လို​တွေပါ ​ရော​နေတာ​ကြောင့်နားလည်တစ်ချက်မလည်တစ်ချက်ပင်...

သို့​​သော် တစ်ခါတစ်ခါစကားထဲပါလာတာက မြန်မာနာမည် "​ဒေါ်​လေးနွယ်​" တဲ့  "​ဒေါ်​လေး" ဆိုတာ မြန်မာလို အ​ဒေါ်​တွေကို​ခေါ်တာမလား..."နွယ်" ဆိုတာ​ရော နာမည်ပဲလား..တိုက်ရိုက်ဘာသာပြန်ရင်
Jimin ရဲ့ အ​ဒေါ် နွယ်​​ ပေါ့

"​​မဟာနွယ်"  ဆိုတာက​​ရော မျိုးရိုးနာမည်​လား
နားလည်ရခက်​သော မြန်မာစကားပါပင်။ က​လေးငယ်ရဲ့မိသားစုဟာ အ​မေဘုတ်ရဲ့ချည်ရှုပ်ပမာ အပြင်လူနားမလည်နိုင်။

စကားထဲပါလာတဲ့ "ဦး​ကျော်​ဇောမဟာနွယ်" "​ဒေါ်နန်းပုဏ္ဏမီ" "​ဒေါ်နှင်းဆီနွယ်" "​ဒေါ် ထားထားနွယ်" ဆိုတာ ​တွေ..ဘယ်သူ​တွေဘာလဲ​တောင်မသိ​တော့

"ထားသီရိနွယ်"  သူမက ကြည့်ရသ​လောက် Jiminရဲ့တစ်၀မ်းကွဲ ညီမ​လေးဖြစ်ပုံရသည်။

𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚Where stories live. Discover now