"ဂျီမင်း ဂျီမင်း"
လှုပ်ပြီးနှိုးနေတဲ့အသိကြောင့်နိုးထလိုက်သည်။ ရင်းနှီးနေတဲ့နေရာတစ်ခုမဟုတ်တာကိုသိလိုက်ရသည်။ ထိုနေရာ..ထိုနေရာကိုပြန်ရောက်ပြန်ပြီလား။
"ဂျီမင်း"
"ကျွတ်စ်"
ကိုက်ခဲနေသော ခေါင်းကိုထူလိုက်ပြီးကြည့်လိုက်တော့ ဆံပင်ကို ပိရိစွာသိမ်းထားသော အမျိုးသမီးတစ်ယောက်..သူမ ၀တ်ထားသော ကီမိုနိုသည် ဖုန်မှုန့်များပေကျံနေပြီးသွေးတစ်ချို့ရှိနေသည်။
"မေမေကြီး"
ထိုနာမ်စားသည် လွှတ်ခနဲထွက်သွားသောနာမ်စားဖြစ်သည်။ မရည်ရွယ်ခဲ့ပါ။
"ဂျီမင်းး တော်သေးတယ် ဘာမှမဖြစ်လို့တကယ်တော်သေးတယ်"
တစ်ကိုယ်လုံးကိုဖက်ထားခြင်းခံလိုက်ရပြီးထိုအမျိုးသမီးသည်ဆံနွယ်တွေကိုဖြည်းဖြည်းချင်းပွတ်သပ်ပေးသည်။ ထို့နောက်ဆံပင်တွေကိုနမ်းလိုက်ပြီး.
တင်းကြပ်စွာပွေ့ဖက်ထားသည်။"မင်းမှာ မင်းအမေရဲ့ဆံပင်လှလှလေးတွေရှိတယ် ငါသိပ်မြတ်နိုးခဲ့တဲ့ဆံပင်လေးတွေ"
အမေ ... အချိန်ခရီးသွားခဲ့တာလား။ အတိတ်ကိုပြန်သွားရောက်ခဲ့တာလားဒါတွေဟာ အိပ်မက်တစ်ခုမဟုတ်မှန်းတော့သေချာပါသည်။ သို့သော် ... ဂျီမင်း မည်သည့်အကြောင်းကြောင့်ရောက်ရှိလာခဲ့ရသလဲ။
ဂျီမင်း ဒီကာလတစ်ခုမှာရှိနေတဲ့ဂျီမင်းကရော ဘာရည်ရွယ်ချက်တွေရှိနေခဲ့တာလား။ မေးခွန်းပေါင်းများစွာပြည့်နှက်နေခဲ့သည်။ အမျိုးသမီးကြီးကိုခပ်တွေတွေစိုက်ကြည့်ရင်း.
"ဘယ်လောက်စိတ်ပူသွားရလဲ ဘာလို့ထွက်ပြေးရတာလဲ"
ဂျီမင်း ပုခုံးကိုကိုင်လှုက်ကာာ ပြောနေသည်။ ထိုအမျိုးသမီးကြီး၏
မျက်နှာချေတစွန်းတစနှင့်ပါးပြင်ပေါ်မျက်ရည်တွေကိုသုတ်ပေးလိုက်သည်။"မေမေကြီး"
စက္ကူတွေနဲ့ကာထားတဲ့တံခါးနောက်ကခေါ်သံကိုကြားလိုက်ရသည်။
ထို့နောက် မေမေကြီးကဲသို့ကီမိုနို ၀တ်ထားသော်လည်း အနည်းငယ်ရှုပ်ပွနေသောဆံထုံးနှင့်အမျိုးသမီးငယ်တစ်ယောက်..
![](https://img.wattpad.com/cover/310883520-288-k660273.jpg)
YOU ARE READING
𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚
Fanficအချိန်ကာလတွေဘယ်လိုရွေ့ရွေ့ တည်နေရာတွေဘယ်လောက်ပြောင်းပြောင်း ကျွန်တော် Yoongiအနားမှာပဲရှိနေမယ်ဆိုတာယုံတယ်မလား.. ချစ်တယ် ဒါပေမယ့်ကိုယ်ထုတ်ပြောစရာလိုသေးလား Momijiလေး ကမ္ဘာကြီးတစ်ခုလုံးက မင်းကို ဆန့်ကျင်နေရင်တောင် ငါ မင်းကို ယုံထားမှာ သိ...