"အား.."
ကောင်းကင်သို့ တက်လာသော မီးလုံးကြီးတွေနဲ့ကျယ်လောင်တဲ့အော်သံကြားမှာ Jimin မျက်လုံးပွင့်လာခဲ့သည်။ လဲကျနေသော ကြမ်းပြင်သည် ဖုန်အလိမ်းလိမ်းထနေသော ကြမ်းပြင်တစ်ခုသာ။
အော်သံတွေ ဟစ်သံတွေနဲ့ ကမ္ဘာပျက်နေသည့် ထိုနေရာတွင်ရှိသမျှအားနှင့်ထလိုက်သည်။
"ဘယ်ရောက်နေတာလဲ"
သူ့ရှေ့တွင်ရှိနေသည်က မီးလောင်နေသော အိမ်ကြီးတစ်လုံး။
"အိပ်မက် အိပ်မက်မက်နေတာလား Yoongi ရော"
ထိုးကိုက်လာသော ခေါင်းကို လက်နဲ့ဖိကိုင်လိုက်ရင်း အခြေအနေအချိန်အခါ လိုက်မှီဖို့စဥ်းစားရသည်။
ထိုအခိုက် သူ့လက်ကိုလာဆွဲသောသူ..။
ကြည့်လိုက်မိတော့ .."Yoongi"
Yoongi အစစ်ပါ။ မျက်ခုံးတန်းတွေတွန့်ချိုးနေပြီး၀တ်နေကြ Jean pant တွေနဲ့မဟုတ်ပေမယ့် Yoongi နဲ့ချွတ်စွပ်။
သူ့ကိုတစ်ချက်ကြည့်ပြီး လက််ကို ဆောင့်ဆွဲကာ မီးလောင်နေသော အိမ်တော်ကြီး၏ ဆန့်ကျင်ဘက်သို့ပြေးသွားသည်။
မည်မျှထိပြေးခဲ့သည် မသိ။ ဖိနပ်မပါသော ခြေဖဝါးတွေက သွေးတွေတောင်စို့နေပြီဖြစ်သည်။
မီးလောင်နေသော နေရာနှင့်ဝေးလာပါသော်လည်း အော်သံတစ်ချို့ကြားနေရဆဲ။တောင်ကုန်းလေးတစ်ခုကိုပတ်၍တက်သောလမ်းကျဥ်းကျဥ်းလေးပေါ်အရောက်...
"ခဏ ခဏ နေပါဦး ဘာလို့အတင်းကြီးဆွဲနေတာလဲဗျ"
ထိုသူသည် Jiminကို နောက်တစ်ကြိမ်မျက်ခုံးတန်းတွေတွန့်ချိုးကာ ကြည့်သည်။
"ဂျီမင်"
"Yoongi ကျွန်တော့်ကိုပြောပါဦးဗျာ ဒါ ရုပ်ရှင်ရိုက်နေတာလား ပြီးတော့ကျွန်တော်ကဘယ်လိုလို့ဒီရောက်လာ...အားး.ဒါ ဘာကြီးလဲ"
ဘာရယ်မဟုတ် ခန္ဓာကိုယ်ကိုကြည့်လိုက်မိတော့ ပြေးလာရတာကြောင့်ရော ဖုန်တွေကပ်ကာ ဟိုတစ်စ ဒီတစ်စ ပြဲနေသော ကီမိုနို..
ခေါင်းမှာရော မာမာတောင်တောင့်ဆံထုံးနဲ့။

YOU ARE READING
𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚
Fanfictionအချိန်ကာလတွေဘယ်လိုရွေ့ရွေ့ တည်နေရာတွေဘယ်လောက်ပြောင်းပြောင်း ကျွန်တော် Yoongiအနားမှာပဲရှိနေမယ်ဆိုတာယုံတယ်မလား.. ချစ်တယ် ဒါပေမယ့်ကိုယ်ထုတ်ပြောစရာလိုသေးလား Momijiလေး ကမ္ဘာကြီးတစ်ခုလုံးက မင်းကို ဆန့်ကျင်နေရင်တောင် ငါ မင်းကို ယုံထားမှာ သိ...