"ပုဂံကိုမသွားခင် ဒီမြို့မှာ၀ယ်စရာတွေရှိသေးတယ် နောက်ပြီး Jungkook ကလာဦးမလားမသိဘူး သူ့အတွက်စီစဥ်ပေးရဦးမယ် ခင်ဗျားလိုက်မလား"
"တစ်ပိုင်းလိုက်မယ်"
"ဘာ?"
မနက်စာစားပြီးတဲ့အချိန် အပြင်သွားဖို့ ပြင်ဆင်နေသော Jimin... အိပ်ရာပေါ်မှာလှဲနေရင်း စောင်ခြုံကာ အပျင်းကြီးပြီးမထ လုပ်နေသော Yoongi ရဲ့စောင်ကိုဆွဲယူလိုက်သည်။
"ခင်ဗျား ပေါက်ကရမပြောနဲ့ လိုက်မှာလား မလိုက်ဘူးလား"
"မင်းနဲ့တော့လိုက်ချင်ပေမယ့် တခြားသူအတွက်ဆိုရင်တော့ အိမ်မှာပဲနေချင်တယ်"
"ခုဟာက ကျွန်တော့်ဖို့ကျွန်တော်သွား၀ယ်မှာလေ"
"မေ့တတ်လာပြီလား ခုဏလေးတင်ပြောလာတာကို"
"အင်း.."
Yoongi ကိုမကြည့်တော့ဘဲ အသံတိတ်သွားသည်။ အိပ်ရာကနေထလိုက်ပြီး
"ဘာဖြစ်သွားတာလဲ"
"ဘာမှမဖြစ်ပါဘူး ထတော့ လိုက်မယ်ဆို ရေချိုးရမယ်လေ"
Yoongi နည်းနည်းတော့ ကြောင်အသွားပေမယ့် သူပြောတဲ့အတိုင်းရေချိုးဖို့ပြင်ဆင်လိုက်သည်။
ဒီကလေး ဘာတွေဖြစ်လာတာပါလိမ့်။ သူကစလိုက်တာကိုနော်..။_______________________
"အင်း ကျွန်တော့်ကို Line ကနေပို့ပေးလေ"
"အင်းပါ မပြောလိုက်ရတာတောင်းပန်ပါတယ်"
"ပို့ပေးနော် နောက်တစ်ခါ အဲ့လိုမလုပ်တော့ပါဘူး နော်..နော် ပို့ပေးနော် ချစ်တယ်လေ Joonie"
"အာ အများကြီးချစ်တာ ပြန်လာမှလာခဲ့မယ် တိုက်ခန်းမှာ တစ်ညလောက်လာအိပ်ဦးမယ် လွမ်းလိုက်တာ ကျွန်တော့် အသည်းလေး ကျေးဇူးပါ Bye အာဘွား"
Yoongi ရေချိုးခန်းကထွက်လာတဲ့အချိန်မှာ ထိုသို့သော Jimin၏အသံများကြောင့်မျက်မှောင်ကြုံ့လိုက်သည်။ ဘာလို့ဒီလောက်တောင်ချိုသာနေရတာပါလိမ့်။ သူနဲ့ကြတော့ ဘုနဲ့ဘောက်ပြောပြီးတော့...။
YOU ARE READING
𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚
Fanfictionအချိန်ကာလတွေဘယ်လိုရွေ့ရွေ့ တည်နေရာတွေဘယ်လောက်ပြောင်းပြောင်း ကျွန်တော် Yoongiအနားမှာပဲရှိနေမယ်ဆိုတာယုံတယ်မလား.. ချစ်တယ် ဒါပေမယ့်ကိုယ်ထုတ်ပြောစရာလိုသေးလား Momijiလေး ကမ္ဘာကြီးတစ်ခုလုံးက မင်းကို ဆန့်ကျင်နေရင်တောင် ငါ မင်းကို ယုံထားမှာ သိ...