Love At First Sight

385 27 22
                                    

"အကို"

ကန်တင်းမှာထိုင်​နေတုန်း ကြားလိုက်ရတဲ့အသံ​ကြောင့်ဘယ်သူမှန်းတန်းသိလိုက်သည်။

"ဘာလို့လဲ"

"အကိုကလည်းတကယ်စိမ်းကားလိုက်တာ"

အနားကခုံကိုဆွဲယူလိုက်ပြီး၀င်ထိုင်လိုက်​​​သောJungKook..

"အကို့ဖို့"

Jiminလက်ထဲကိုထည့်​ပေးလာတဲ့စ​တော်ဘယ်ရီ​ဖျော်ရည်ဘူး​လေးကိုပြန်ပို့လိုက်သည်။

"ကိုယ်အချို​ရည်​တွေမ​သောက်ဘူး"

"အကိုကဘာကြိုက်တာလဲ"

Jiminတစ်ချက်ပြုံးလိုက်သည်။

"ဘာကြိုက်တတ်လဲ မင်းသိချင်သိ​နေမှာကို
ဘာလို့ ကိုယ့်ကိုလာ​မေး​နေတာလဲ"

"အကို!"

Jungkookက​မသိမသာခွက်ကို​​ဆောင့်ချလိုက်​တာ​ကြောင့် ​ဖျော်ရည်​တွေအနည်းငယ်ဖိတ်စင်ကုန်သည်။

"မင်းအခုကတည်းက ကိုယ့်ကိုစိတ်မရှည်ရင်​​နှစ် ၆၀၀​စောင့်မယ်ဆိုတဲ့ စကားက ၆ရက်​တောင်ခံပါ့မလား"

"မဟုတ်.."

"Jimin!! ဟူး"

Jiminဆီအ​မောတ​ကော​ပြေးလာ​သောTae​ကြောင့်လှည့်ကြည့်လိုက်ပြီးလက်​မောင်းကိုဖမ်းကိုင်လိုက်သည်။

"ဘာဖြစ်တာလဲ Tae"

"အမယ်လေး​ မောလိုက်တာ ဒါမင်းခွက်မလား နည်းနည်းတိုက်"

Taehyungက​ခွက်ကိုယူပြီး​သောက်လိုက်သည်။

"ဒုန်း"

စားပွဲ​အောက်က​နေဒူးနဲ့တိုက်လိုက်​သောအသံ​..

"Jungkook"

Jimin​ဟန့်လိုက်မှJungkookကငြိမ်သွားသည်။ ဒါ​တောင်စူးရဲရဲအကြည့်​တွေနဲ့ကြည့်​​နေ​သေးသည်။

"ဖြည်းဖြည်း​သောက် ထိုင်ဦး ဘာဖြစ်လာတာလဲ"

"မင်း...အချိန်ပို အတန်းရှိတာ မသိဘူးလား ဟိုမှာသူများ​တွေသွားနေကြပြီ Profကစိတ်ကြီးတယ်​နော်"

"ဘာ"

Jiminတကယ်ကိုထိတ်လန့်သွားသည်။ ထို့​နောက်လွယ်အိတ်ကို​ကောက်ဆွဲကာ..

𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚Where stories live. Discover now