"ဒီအ၀တ်တွေကိုလျှော်ပြီးလှမ်း ပြီးရင်ညနေပွဲအတွက်သေချာပြင်ထား ကြားသလား"
"ဟုတ်ကဲ့ အစ်မ မိကို"
ယာမုခ အိမ်တော်ရဲ့ထုံးစံအရ အခကြေးငွေပေးထားခြင်း သို့မဟုတ် ပွဲဦးထွက်ထားသူမဟုတ်လျှင် သင်တန်းကြေးအနေနဲ့ အိမ်တော်ရဲ့ဝေယျာ၀စ္စတွေကိုလုပ်ကိုင်ပေးရသည်။
မေမေကြီးက သင်တန်းအချိန်ဇယားတွေကိုရွေ့ရပြီးအားတဲ့အချိန်တွေမှာတခြားသူတွေလိုမနားနိုင်ဘဲအိမ်တော်ရဲ့ဝေယျာ၀စ္စလုပ်ပေးရမည်တဲ့..။
ယာမုခအိမ်တော်ဟာ မင်အိမ်တော်မှစခဲ့သည်ဆိုသော်လည်း အိမ်တော်သီးသန့်အဖြစ်ခွဲထွက်ခဲ့သည်မှာအတော်ကြာပြီဟုပြောသံကြားဖူးသည်။
ထို့ကြောင့် ယာမုခအိမ်တော်မှာ ဂေရှားများဟာ အပြင်ပွဲတွေမှာ၀င်ရောက်ခွင့်ရှိသည်။ သို့သော်
ယာမုခအိမ်တော်တွင်တော့ပွဲကျင်းပခွင့်မရှိ။ယခုလည်း ညပွဲတစ်ခုအတွက် အစ်မ မိကို အပါအ၀င် အခြားသောဂေရှားမယ်များ ပြင်ဆင်နေကြသည်။
"ဘာတွေငေးနေတာလဲ "
"မ..မငေးပါဘူး"
အ၀တ်အပြည့်နဲ့ သစ်သားပုံးကိုဆွဲမနိုင်တာကြောင့်တွန်းလာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူအင်အားတော့သုံးရမြဲ။
အ၀တ်လျှော်တဲ့နေရာဟာ အိမ်တော်ရဲ့နောက်ဘက်ဖြစ်သည်။ တစ်ခါတစ်လေ ဂျီမင်စဥ်းစားမိသည်က ဘာကြောင့်များ အိမ်တော်ကြီးရဲ့ရေကန်ကိုအသုံးပြုခွင့်မရသလဲလို့။
အိမ်တော်ကြီးရဲ့ရေကန်ကို အသုံးပြုခွင့်သည် အိမ်တော်ကြီးတစ်ခုတည်းသာဖြစ်ပြီးယာမုခအိမ်တော်သည် ထိုရေကန်ကိုသွားလာခွင့်မရှိ။
အေးစက်စက်ကျောက်ပြားနဲ့သစ်သားပုံးတစ်ခုကိုယူလိုက်ပြီး လက်နှိပ်ရေတွင်းထဲကရေတွေထည့်လိုက်သည်။
အ၀တ်လျှော်သစ်သားတုံးတစ်ခုပေါ်မှာ ဆယ်ချီသော အ၀တ်ဖြူတွေကိုအရင်လျှော်လိုက်သည်။ ပိုးသားမျှလှပတဲ့ ကီမိုနိုတွေက သက်သက်လျှော်ရမည်။
YOU ARE READING
𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚
Fanficအချိန်ကာလတွေဘယ်လိုရွေ့ရွေ့ တည်နေရာတွေဘယ်လောက်ပြောင်းပြောင်း ကျွန်တော် Yoongiအနားမှာပဲရှိနေမယ်ဆိုတာယုံတယ်မလား.. ချစ်တယ် ဒါပေမယ့်ကိုယ်ထုတ်ပြောစရာလိုသေးလား Momijiလေး ကမ္ဘာကြီးတစ်ခုလုံးက မင်းကို ဆန့်ကျင်နေရင်တောင် ငါ မင်းကို ယုံထားမှာ သိ...