"အရူးကောင် ဘာတဲ့ ဧ၀ရတ်တောင်ကိုပစ်ချမယ်တဲ့ ချလေ အဲ့ဧ၀ရတ်တောင်ထိပ်ပဲတက်ဖူးပါစေ ခဲပြီး အဲ့နားမှာကျောက်ရုပ်ဖြစ်သွားမှ အမွှေးတိုင်နံ့ရှူနေရမယ်"
"Guitar pickကိုလည်းချိုးပစ်တယ် ကောင်းရော "
မနက် ၃နာရီကြီးမှာ ပွစိပွစိနဲ့ရေရွတ်နေတဲ့တစ်ယောက်သောသူကို Yoongi မျက်မှောင်ကြုံ့ကြည့်လိုက်သည်။
"Hey ဒီအချိန်က သရဲတွေဘာတွေမြူးတဲ့အချိန်နော် အကြီးကိုစော်ကားရင်..."
ခပ်မာမာလေးအော်လိုက်တာကြောင့် တွန့်ခနဲဖြစ်သွားသည်။ ထို့နောက် သူ့အနားကိုတရွေ့ရွေ့နဲ့ကပ်လာပြီး
"ထယ်ယောင်း ထယ်ယောင်းရောဟင်"
"သူလား ပစ္စည်းတွေယူပြီးကားနဲ့သွားတယ် ငါတို့ကဆိုင်ကယ်နဲ့ပြန်ရမှာလေ"
"ဘာ!!"
အော်လိုက်တဲ့အသံကြောင့် ညလုံးပေါက်ဖွင့်တဲ့
ဘေးနားက Takoyaki အဒေါ်ကြီးတောင်သူ့ကိုပြူးကြည့်လာသည်။ ပါးနုနုလေးတွေကအနီရောင်လေးပြေးသွားပြီး မျက်လုံးလေးတွေမှိတ်သွားတဲ့အထိရယ်ပြသည်။"Yoon..Yoongi"
"ငါ ဆိုင်ကယ်ကို အင်ဂျင်၀ိုင်တွေသွားစစ်လိုက်ဦးမယ်"
"မသွားပါနဲ့"
Yoongi ၀တ်ထားတဲ့ဆွယ်တာစကိုအတင်းဆွဲထားသည်။
"မသွားလို့ဘယ်လိုလုပ်မလဲ"
"ခဏစောင့်ပါနော်"
"မရဘူး အချိန်..."
Yoongiရဲ့ခါးကိုတင်းတင်းဖက်လာသည်။ ထို့နောက်မျက်လုံးမှိတ်ထားကာ
"ကျွန်တော်ကြောက်တယ် အဲ့ဒါကြောင့်မထားသွားပါနဲ့'
"ဟူး"
ခါးကိုဖက်ထားတဲ့လက်လေးတွေကိုဆုပ်ကိုင်လိုက်ပြီး.
"အင်းအင်း မထားသွားဘူးနော် ဒါနဲ့ ဒီမှာကြည့်"
အိတ်ထဲကထုတ်လာပေးတဲ့လက်ဝါးကိုဖြန့်ကြည့်လိုက်သည်။ ထပ်ပိုင်းကျိုးနေတဲ့ Guitar Pickနှစ်ခု။
YOU ARE READING
𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚
Fanficအချိန်ကာလတွေဘယ်လိုရွေ့ရွေ့ တည်နေရာတွေဘယ်လောက်ပြောင်းပြောင်း ကျွန်တော် Yoongiအနားမှာပဲရှိနေမယ်ဆိုတာယုံတယ်မလား.. ချစ်တယ် ဒါပေမယ့်ကိုယ်ထုတ်ပြောစရာလိုသေးလား Momijiလေး ကမ္ဘာကြီးတစ်ခုလုံးက မင်းကို ဆန့်ကျင်နေရင်တောင် ငါ မင်းကို ယုံထားမှာ သိ...