“Ladies and gentlemen, JA Tokyo welcomes you to Yangon. The local time is 6:30am . For your safety and the safety of those around you, please remain seated with your seat belt fastened and keep the aisle(s) clear until we are parked at the gate"လေယာဥ်မယ်ရဲ့ ကြေညာချက်အပြီးမှ လေယာဥ်ဆင်းတော့မှာမလို့ အိပ်ပျော်နေတဲ့ Jimin ကိုအသာလှုပ်နှိုးလိုက်သည်။
"ထတော့ ရန်ကုန်ရောက်နေပြီ"
"ဟင်"
အိပ်မှုန်စုံမွှားလေးနဲ့ထလာသော Jimin.
Flight တစ်ခုလုံးကို မလှုပ်မယှက်အိပ်ပြီး အသက်
ရှူသံမှန်မှန်လေးထွက်နေသော Jimin ကိုတစ်ချိန်လုံးကြည့်နေမိသည်မှာ လေယာဥ်ဆင်းသည်အထိ။ခဏ အကြာ လေယာဥ်ဆင်းလေသည်။
လေယာဥ်ဆင်းသည်နှင့် ခရီးသည်များကအပေါ်တန်းက အိတ်တစ်ချို့ကိုယူပြီး လေယာဥ်ဆင်းသော ဥမင်ထဲကို ၀င်လိုက်ကြငည်။ ထိုအထိမျက်လုံးသိပ်မပွင့်သေးသော ကောင်လေးရယ်ပါ။လေဆိပ်ထဲရောက်တာနဲ့ ခရီးဆောင်အိတ်တွေကို ရွေးယူရသည်။
လေဆိပ်က မနက်အစောကြီးဖြစ်၍လူလည်းသိပ်မရှိသလို အနည်းငယ် ကျယ်၀န်းနေသည်။
ခရီးဆောင်အိတ်နှစ်အိတ်လုံးကိုဆွဲလာလို့ရပေမယ့် ခက်နေတာက လေဆိပ်ထဲကအထွက်ပင်။"Jimin"
"ဟင်"
"တည်းရမယ့်နေရာရောက်မှ ဆက်အိပ်တော့နော် လောလောဆယ် မြန်မာစကားကိုလည်လည်၀ယ်၀ယ်ပြောတတ်တာမင်းပဲရှိတယ် ကားငှားဖို့"
ထို့တော့မှ Jimin သည်မျက်လုံးပွတ်လိုက်ပြီး ဖုန်းကိုထုတ်လိုက်သည်။
Yoongi ကို Simကတ်တစ်ကတ်ပေးကာ
"ဒါက မြန်မာက Sim card ကျွန်တော့်ဖုန်းနံပါတ်
ထည့်ပြီးသား လေဆိပ်မှာလာကြိုမယ့်သူကို
ဖုန်းဆက်လိုက်ဦးမယ်"Jimin သည် တစ်ဖက်သို့လှည့်ကာမြန်မာစကားနဲ့ဖုန်းပြောနေသည်။
ခဏအကြာ တီရှပ်အဖြူ ဘောင်းဘီအညို၀တ်ထားသော သူတစ်ယောက်က Yoongi တို့ဘက်ကိုလျှောက်လာသည်။
"မင်း Flight က စောလှချည်လား"
Jimin ပုခုံးကိုလှမ်းပုတ်လိုက်သည်။
Jimin က ရယ်မောပြီး ထိုသူရဲ့လက်ကို ဖျပ် ခနဲလှမ်းရိုက်လိုက်သည်။
YOU ARE READING
𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚
Fanfictionအချိန်ကာလတွေဘယ်လိုရွေ့ရွေ့ တည်နေရာတွေဘယ်လောက်ပြောင်းပြောင်း ကျွန်တော် Yoongiအနားမှာပဲရှိနေမယ်ဆိုတာယုံတယ်မလား.. ချစ်တယ် ဒါပေမယ့်ကိုယ်ထုတ်ပြောစရာလိုသေးလား Momijiလေး ကမ္ဘာကြီးတစ်ခုလုံးက မင်းကို ဆန့်ကျင်နေရင်တောင် ငါ မင်းကို ယုံထားမှာ သိ...