အိမ်တော်ပျက်စီးမှုသည်အံသြစရာကောင်းလောက်အောင်အချိန်ခဏလေးအတွင်းအလုပ်သမားမြိုင်မြိုင်ဆိုင်ဆိုင်နှင့်ပြီးသွားခဲ့ပါ၏။"အား ခေါင်းကိုက်လိုက်တာ"
Jimin မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့စူးရှရှအလင်းရောင်နှင့်အတူ မျက်၀န်းတစ်စုံကိုတွေ့လိုက်ရသည်။
"အဆင်ပြေလား မင်းအိပ်ပျော်နေတာ တစ်ရက်လောက်တောင်ရှိပြီ"
ဘာ မဖြစ်နိုင်တာ...Jimin သည် ဆတ်ခနဲထလိုက်ပြီးကြည့်လိုက်မိတော့..
ထိုနေရာ.. ထိုအငွေ့အသက်..
ဒီလ်ုနေရာကြီးကိုပြန်ရောက်လာပြန်တာလား။
အိပ်မက်လည်းမဟုတ်သလို အပြင်လက်တွေ့လောကလည်းမဟုတ်တဲ့နေရာတစ်ခု။
သက်ပြင်းချလိုက်ပြီး."မေမေကြီးက မင်းကိုခေါ်နေတာ မင်းကိုတွေ့ချင်တဲ့သူရှိတယ်တဲ့"
"ကျွန်တော့်ကို"
"အင်း ဟုတ်တယ်လေ"
သူ့ကိုကြောင်၍ကြည့်နေသော Yoongi မဟုတ်သော Yoongi
"သွားလိုက်မယ်"
Jimin သည် ထိုနေရာမှာမနေချင်တာကြောင့် ထလာပြီး အခန်းထဲကနေထွက်ဖို့ခြေလှမ်းလိုက်သည်။
ထိုအချိန်တွင်"ခဏ"
လက်ကိုလှမ်းဆွဲလိုက်တာကြောင့် နဂိုကခေါင်းကိုက်နေတဲ့သူကနောက်ကိုလဲကျသွားသည်။
"ဘုရားရေ"
မာသော ကြမ်းအထိအတွေ့မဟုတ်ဘဲနောက်ပြန်ကျတာကိုပင် တစ်စုံတစ်ခုပေါ်ကျသွားသည်။
ထို့နောက်ထိုပေါ်ကလိမ့်ကျကာ ထိုတစ်စုံတစ်ခုသည် Jimin ပေါ်ကိုရောက်သွားလေသည်။"အား သေပါပြီ"
Jimin မျက်လုံးဖွင့်ကြည့်လိုက်တော့ စူးစူးစိုက်စိုက်ကြည့်နေသော မျက်၀န်း။ ဒီလောက်ထိ နီးနီးကပ်ကပ်မရှိခဲ့ဖူးတာကြောင့် တဒိန်းဒိန်းခုန်သော အသံကိုပင်နှစ်ချက်စီကြားနေရသည်။
"ဖယ်...ဖယ်ဦးလေ"
မည်မျှကြာသည်အထိစိုက်ကြည့်မိမှန်းမသိ။ သူက သတိပေးလိုက်မှ အသိ၀င်လာသည်။

YOU ARE READING
𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚
Fanficအချိန်ကာလတွေဘယ်လိုရွေ့ရွေ့ တည်နေရာတွေဘယ်လောက်ပြောင်းပြောင်း ကျွန်တော် Yoongiအနားမှာပဲရှိနေမယ်ဆိုတာယုံတယ်မလား.. ချစ်တယ် ဒါပေမယ့်ကိုယ်ထုတ်ပြောစရာလိုသေးလား Momijiလေး ကမ္ဘာကြီးတစ်ခုလုံးက မင်းကို ဆန့်ကျင်နေရင်တောင် ငါ မင်းကို ယုံထားမှာ သိ...