☘️ အပိုင်း - ၁ ☘️ (BL Novel)
Title = “တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်”
Author = နွေဦးကံ့ကော်×××××××××××××××××××××××××××
( ၁ )
အချိန်......မတ်လ၊နွေဦးရာသီ ။
သက္ကရာဇ် ၁၉၈၆ ခုနှစ် ။ကြီးမားကျယ်ပြန့်သော ခြံဝန်းကြီးအတွင်း
၌ အစိမ်းရောင်သုံးထပ်တိုက်ကြီးသည် ခံညားထည်ဝါစွာတည်ရှိနေသည်။ထိုခြံဝန်း
အရှေ့ရှိ စကားဝါပန်းပင်ကြီးမှ စကားဝါပန်းပွင့်ဖြူလေးများက တစ်ဖြုတ်ဖြုတ်နှင့်ကြွေကြနေလျက်ရှိ၏။ပတ်ဝန်းကျင်သည်
တိတ်ဆိတ်နေသည်။ထိုအိမ်ကြီးနှင့်ခြံကြီးသည် မြို့၏ မျက်နှာဖုံး စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသော ဦးဘတင်နှင့်
ဒေါ်မြခင်တို့၏ စံအိမ်ကြီးဖြစ်လေသည်။
ဦးဘတင်သည် ဂုဏ်ထူးဆောင်ရှေ့နေ
ကြီးတစ်ဦးလည်း ဖြစ်သည်။ဤမြို့တွင် ဦးဘတင်နှင့်ဒေါ်မြတင်ကို မသိသူဟူ၍ မရှိချေ။တစ်မြို့လုံးနီးပါး ဘယ်နေရာကြည့်ကြည့် သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကြည့်ပင်ဖြစ်သည်။သူတို့တွင် သားသမီးသုံးယောက်ရှိသည်။ပထမ သမီးအကြီးဆုံး နာမည်က “စန္ဒာ”၊စစ်ဗိုလ်တစ်ဦးနှင့် လက်ထပ်ထားသူဖြစ်၏။စစ်ဗိုလ်ကတော်ပြီပြီ အသားလတ်လတ်နှင့်ဝတ်တက်စားတက်ကာ တည်ကြည်ပြီး အိန္ဒြရှိသူဖြစ်သည်။ဒုတိယ သမီးကြီးနာမည်က “စိမ်း” ၊လှပပြီးထက်မြတ်သည့် ဆရာဝန်မလေးဖြစ်သည်။တက္ကသိုလ်ကျောင်းကတည်းက သူမရဲ့အလှနဲ့ထက်မြတ်မှုကြောင့် လူသိများသည်။သဘောကောင်းသည်။လူတန်းစားမခွဲခြားပဲ သူတစ်ပါးကို ကူညီတက်သောစိတ်ကြောင့် လူချစ်လူခင်ပေါများပြီး သူမအားပိုးပန်းကြသည့် လူများလည်း အပုံကြီးပင်။စိမ်းသည် မိဘ သဘောကျသည့် သမီး လိမ္မာလေးတစ်ယောက်ဖြစ်၏။
နောက်ဆုံး သား အငယ်ဆုံးလေးရဲ့ နာမည်က “မြူဝေမောင်”။မြူဝေမောင် သည် အသက် ၁၈ နှစ်သာရှိသေးသော တက္ကသိုလ်ကျောင်းသားလေးတစ်ဦးဖြစ်သည်။နုနယ်သည်။စကားနည်းသည်။အသားညိုညို၊ပိန်ပိန်ပါးပါးလေးဖြစ်၏။ဆံပင်ကေက ညာဘက်ကို ဘေးခွဲခွဲထားသည်။မျက်ခုံးထူထူ၊နှာတံဆင်းဆင်း၊နူတ်ခမ်းသားက ထူသည်။ကြည့်ကောင်းသော ကောင်လေး တစ်ယောက်ဖြစ်သည်။အများစုကတော့ မြူ့ ကို မိန်းကလေးချောချောသည်ဟု ဆိုကြ
တာများသည်။မြူသည် အေးအေး ဆေးဆေးနေတက်သည်။စကားအပိုအလိုမပြောတက်ပေ။မြူသည် ပျင်းလျှင် ခြံထဲက စိန်ပန်းပင်ကြီးအောက်က ဒန်းလေးပေါ်မှာထိုင်ပြီး အတွေးနယ်ချဲ့နေတက်သည်။
YOU ARE READING
တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)
Romanceဤ "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"ဝထ္တုရှည်ကိုလည်း မေလ ၁၇နေ့က ကျရောက်ခဲ့တဲ့ IDAHOT Day (International Day Against Homophobia,Transphobia, Biphobia) နေ့ မှာအကြံရပြီး စတင်ရေးသားခဲ့တာပါ။ဒါဟာ နွေဦးရဲ့ ပထမဆုံး ပညာပေးဝတ္ထုရှည်ပါ။အရင်ခေတ်တုန်းက ပတ်ဝန်းကျင်၊...