အပိုင်း - ၁၃

301 21 0
                                    

☘️ အပိုင်း - ၁၃ ☘️  (BL Novel)

Title = “တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်”
Author = နွေဦးကံ့ကော်

×××××××××××××××××××××××××××

( ၁၃ )

စိမ်းသည် အိမ်ပြန်ရောက်တော့ အိပ်ယာထဲကို ပစ်လျဲချလိုက်ပြီး ကိုစောအောင်၏
အမေးကို တွေးနေမိသည်....။

“စိမ်းက ဘယ်လိုလူကို သဘောကျတာလဲ....”

စိမ်း မတွေးတက်ပါ။သို့ပေမဲ့ စိမ်း သည်
ကိုစောအောင်လို ရုပ်ရည်မျိုး၊ရာထူးအဆင့်အတန်းမြင့်မားတဲ့လူမျိုးကို သဘောကျပါ၏။စိမ်းရဲ့ မိဘတွေလည်း
သဘောကျသည်။ဒါဆို စိမ်းက ကိုစောအောင်ကို ချစ်တာလား။သဘောကျတာလား။အားကိုးချင်တာလား။ဝေခွဲမရဘူး
ဖြစ်နေတယ်။သေချာတာကတော့ စိမ်း
ကိုစောအောင်နဲ့ ဆိုရင် ဖေဖေရော၊မေမေရော စိတ်ချမ်းသာကြမှာပဲ။စိမ်း သမီးကောင်း တစ်ယောက်ဖြစ်ချင်တယ်။မိဘတွေ ကြည်ဖြူမဲ့လူနဲ့ပဲ အိမ်ထောင်ပြုချင်တယ်.....။

ကိုစောအောင်က စိမ်းနှင့်ရည်ငံဖို့ လမ်းစရှာနေတာ။စိမ်းသိတာပေါ့။သူ့ဘက်က ပွင့်ပွင့်လင်းလင်း မပြောသေးတော့ စိမ်းဘက်ကလည်း ဆန္ဒတွေကို မျိုသိပ်ထားရတယ်။
သူကလည်း အချိန်ကောင်းကို စောင့်နေတာ ထင်ပါရဲ့။သူက စိမ်းရဲ့ အနားကို ကပ်နေတာ စိမ်းရဲ့‌ နေပုံထိုင်ပုံနဲ့စိမ်းရဲ့စိတ်ကို လေ့လာချင်လို့ ဖြစ်လိမ့်မယ်လို့ စိမ်း
ထင်တာပဲ။ကိုစောအောင်လို လူက အရာရာမှာ စေ့စပ်သေချာတယ်။အရာရှိတွေရဲ့ဘဝမှာလည်း အနောက်ကနေ ပြုစုယုယမယ့် ဆေးပေးမီးယူ ထက်မြက်တဲ့ဇနီးကောင်း တစ်ယောက်ကတော့ လိုစမြဲပဲလေ။သူက ဝတ်လုံတော်အရာရှိဆို‌တော့ သူရဲ့မိန်းမကလည်း အထက်တန်းလွှာကဖြစ်နေမှ လူတောတိုးပြီး၊လူကြီးတွေကြားထဲ ဂုဏ်ရှိမယ်မဟုတ်လား။စိမ်းလိုလှလည်းလှ၊ဒေါက်တာဘွဲ့ပါရထားတဲ့ မိန်းမမျိုးရထားရင် ဘယ်ပြောကောင်းမလဲရှင်။ကို‌စောအောင်လိုလူက စိမ်းကို လက်လွှတ်ခံမည်တဲ့လား.....။

______________________________

တက္ကသိုလ်ကျောင်းဝင်းကြီးထဲတွင် ညနေကျောင်းဆင်းချိန်ဖြစ်သည်.....။

စာသင်ဆောင်လအနောက်က ညောင်ပင်ကြီးအောက်မှာ ရပ်ထားခဲ့တဲ့ စက်ဘီးလေးကို ယူကာ မြူသည် သူ့ရဲ့သူငယ်ချင်း နှင်းမြိုင်နှင့်အတူ အဓိပတိလမ်းမမှ ဝင်ပေါက်ဝစီသို့ စက်ဘီးကလေးတွန်းကာ
စကားပြောရင်း သွားနေကြသည်။

တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)Where stories live. Discover now