☘️ အပိုင်း - ၆ ☘️ (BL Novel)
Title = "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"
Author = နွေဦးကံ့ကော်×××××××××××××××××××××××××××
( ၆ )
သည်ကနေ့ညတော့ သူတို့နှစ်ယောက်ပြန်လို့မဖြစ်တော့ပေ။လေပြင်မုန်းတိုင်းရုတ်တရက်ကျရောက်လာသောကြောင့်
ဖြစ်၏။အိမ်ထဲရောက်တော့ ကိုကြီးရဲ့သူငယ်ချင်းရဲ့ အဝတ်အစားတွေကို နှစ်ယောက်စလုံး
ခဏ ယူဝတ်ပြီး အဝတ်လဲလိုက်ကြသည်။မြူသည် ရေချိုခန်းထဲကနေအဝတ်စားလဲပြီးတော့ အခန်းအရှေ့ထွက်လာသော အခါ ကုတင်ပေါ်မှာ အပေါ်ပိုင်းဗလာနှင့်ကိုကြီးကို တွေ့လိုက်ရသည်။မြူ ရင်ထဲလှုပ်ရှားသွားမိ၏။
ကိုကြီးရဲ့ ခန္ဓာကိုယ်က သန်မာသည့်ယောက်ျားပြီသစွာ အဖုအထစ်များဖြင့်ကျောပြင်ကြီးကလည်း ကျယ်ပြန့်ပြီး လက်မောင်းမှ ကြွက်သားများသည်လည်း အင်အားကြီးမားပုံကို ဖော်ဆောင်နေသည်။အောက်ပိုင်းက ပုဆိုးကိုပေါင်အပေါ်နားထိ ခတ်တိုတိုဝတ်ထားသည်။ထို့နောက် စိုရွဲနေသော ဆံပင်များကို သဘတ်အဖြူရောင်ဖြင့် သုတ်နေလျက်....။
"အဝတ်အစားလဲပြီးပြီလား မြူ
ဝတ်ရတာ အဆင်ပြေရဲ့လား""ဟုတ် ကိုကြီး လဲပြီးပါပြီ အဆင်ပြေပါတယ်"
"ကိုကြီးရော အင်္ကျီမဝတ်ဘူးလား အအေးပတ်နေအုံးမယ်နော် သည်အတိုင်းနေမလို့လား"
"ခေါင်းမခြောက်သေးလို့ မဝတ်သေးတာပါ မြူ ရယ်"
"မြူ ကိုကြီးဝတ်ဖို့ ဗီရိုထဲက အဆင်ပြေမယ့် အင်္ကျီလေးတစ်ထည်လောက်ထုတ်ပေးပါအုံး"
မြူသည် ဗီရိုကြီးထဲက အညိုရောင် တီရှပ်
တစ်ထည်ကို ထုတ်ကာ ကိုကြီးကို လှမ်းပေးလိုက်သည်။ကိုကြီးသည် မြူ ထုတ်ပေးသော အင်္ကျီလေးကို မတ်တပ် ထကာ ဝတ်လိုက်ပြီး။
"မြူ...သည်နေ့တော့ ကိုယ်တို့တွေ ဒီမှာပဲ
အိပ်ရတော့မယ်ထင်တယ်"
"လေက တဖြည်းဖြည်းကြမ်းလာပြီ...ဒီမြို့က ဒီလိုပဲ မိုးကရုတ်တရက်ရွာတက်တာလား...""ဟုတ်တယ် ကိုကြီး တစ်ခါတစ်လေ
ဒီလိုပဲ လေတွေရောမိုးတွေရောလာတက်တယ်.....ဒါနဲ့ ဒီမှာအိပ်တာတော့
ဟုတ်ပါပြီ အိမ်ကလူကြီးတွေကတော့ မြူ့ ကို စိတ်ပူနေတော့မှာပဲ ကိုကြီးရယ်"
YOU ARE READING
တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)
Romanceဤ "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"ဝထ္တုရှည်ကိုလည်း မေလ ၁၇နေ့က ကျရောက်ခဲ့တဲ့ IDAHOT Day (International Day Against Homophobia,Transphobia, Biphobia) နေ့ မှာအကြံရပြီး စတင်ရေးသားခဲ့တာပါ။ဒါဟာ နွေဦးရဲ့ ပထမဆုံး ပညာပေးဝတ္ထုရှည်ပါ။အရင်ခေတ်တုန်းက ပတ်ဝန်းကျင်၊...