☘️ အပိုင်း - ၂၀ ☘️ (BL Novel)
Title = “တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်”
Author = နွေဦးကံ့ကော်×××××××××××××××××××××××××××
( ၂၀ )
မြူ အိမ်ထဲကနေ ပြေးထွက်သွားပြီးနောက်တွင် ဖေကြီးက ရုတ်တရက်သွေးတိုးသွား၍ အိပ်ခန်းထဲမှာ နားခိုင်း
လိုက်ရသည်။ထို့နောက် မြူ့ကို ဘယ်လိုဆက်လုပ်ကြ
မလဲဆိုတာ စိမ်းတို့သားမိတွေ ဆွေးနွေးကြတယ်လေ။“သမီး မောင်စောအောင်နဲ့ကိစ္စကို ရပ်တန်းကရပ်ပြီး စေ့စပ်ပွဲကိုလည်း ဖြတ်လိုက်တော့နော် ကြားလား”
“သမီးလည်း အဲ့လိုပဲ တွေးထားပါတယ် မေမေ”
“မောင်စောအောင်များ တို့မိသားစုအပေါ်လုပ်ရက်လိုက်တာနော် ဒီကိစ္စကို
စောစောသိလို့သာပေါ့။နောက်ကျမှဆိုရင်တော့ အားလုံးမျက်နှာပျက်စရာတွေဖြစ်ကုန်တော့မှာ....မေကြီးတော့ သိပ်ကို စိတ်ညစ်နေပြီ သမီးတို့ရယ်။မြူ့ကို အရင်လိုဖြစ်အောင် ဘာ်လိုပြန်လုပ်ကြမလဲ
အခုလည်း သူ့အဖေက သူ့ကိုစိတ်တိုလို့ပြောလိုက်တာ သူက အိမ်ကနေဘယ်ကိုထွက်သွားတာလည်း မသိဘူးး...မောင်လေးကို လိုက်ရှာကြပါအုံး သမီးတို့ရယ်...”“ကိုဒီပါ သွား...အဲ့အကောင် အနောက်ကိုလိုက်သွားပြီး အိမ်ကိုပြန်ခေါ်ခဲ့စမ်းပါ။
နောက်မို့ဆို မေမေပါ အိပ်ယာထဲလဲသွားအုံးမယ်” ဟု စန္ဒာက ကိုဒီပါ့ကို လှမ်းပြောလိုက်သည်။“အင်းးလိုက်သွားပြီး ပြန်ခေါ်ခဲ့မယ်
ဒီကောင် တော်တော်ကို ဂြိုလ်မွှေတဲ့ကောင်ပဲကွာ။သူ့ကြောင့်နဲ့ တစ်အိမ်လုံး စိတ်ဆင်းရဲရတယ်...” ဟု ပြောကာ ကိုဒီပါသည် တောက် တခေါက်ခေါက်နှင့် ကားယူကာ ထွက်သွားခဲ့သည်။ထို့နောက် စန္ဒာက “မေမေရယ် အငယ်ကောင်ကိုလေ အရင်လိုပြန်ဖြစ်အောင်လုပ်လို့မရဘူး သူဒီလိုဖြစ်နေတာ အရင်ဘဝက ဝဋ်ကျွေးတွေကြောင့် အမေရဲ့။သူက အရင်ဘဝက သူများသားသမီးကို စော်ကားခဲ့လို့ ဒီလိုဖြစ်နေတာ....!! ”
“မဟုတ်ပါဘူး မမစန္ဒာရယ် မောင်လေးကို
အဲ့သည်လိုမပြောပါနဲ့ မောင်လေး
အခုကြုံနေရတာက အနောက်နိုင်ငံတွေမှာဆိုရင် ဆေးပညာအရ ရောဂါတစ်ခုတဲ့။ မောင်လေးကို အရင်လိုပြန်ဖြစ်အောင်
ကုသလို့ရမှာပါ...အမေ စိတ်ပူတာလျော့ နော်. . .”
YOU ARE READING
တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)
Любовные романыဤ "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"ဝထ္တုရှည်ကိုလည်း မေလ ၁၇နေ့က ကျရောက်ခဲ့တဲ့ IDAHOT Day (International Day Against Homophobia,Transphobia, Biphobia) နေ့ မှာအကြံရပြီး စတင်ရေးသားခဲ့တာပါ။ဒါဟာ နွေဦးရဲ့ ပထမဆုံး ပညာပေးဝတ္ထုရှည်ပါ။အရင်ခေတ်တုန်းက ပတ်ဝန်းကျင်၊...