☘️ အပိုင်း - ၁၀ ☘️ (BL Novel)
Title = “တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်”
Author = နွေဦးကံ့ကော်×××××××××××××××××××××××××××
( ၁၀ )
စကားဆုံးတော့ မစန္ဒာသည် ပြုံးလိုက်သည်။မြူ ရယ် နင်တစ်ယောက်ထဲ အဖေရဲ့ အမွေတွေ၊အလုပ်တွေအားလုံးကို ဦးစီးပြီး အကုန်လုံးရမယ်ထင်နေသလား။ငါ့ရဲ့ယော်ကျားနဲ့ ငါ့သားအတွက်လည်း အမွေဖြစ်ဖြစ်၊စက်ရုံဖြစ်ဖြစ်၊အိမ်ဖြစ်ဖြစ် တစ်ခုခုရအောင် ငါ ကြိုးစားရမှာပဲ။အမေရဲ့ ဆိုင်တွေကလည်း စိမ်း အတွက်ပဲဆိုတော့ မျှော်လင့်လို့မရဘူးလေ။အဖေကလည်း သူ့ရဲ့အလုပ်တွေအားလုံးက မြူ့အတွက်ဆိုတော့ ငါတို့က ဘာရတော့မှာလဲ။ဒီအိမ်နဲ့ဒီခြံကလည်း အဖေနဲ့အမေသေရင် တစ်ဦးဦးကိုမှ by nameတပ်ပြီး မပေးခဲ့ရင် သုံးယောက်က ဝေစုခွဲရအုံးမှာ။စိတ်ပျက်ပါတယ်.....။ ဟု မစန္ဒာက ထိုင် နေရင်း တွေးကာ စိတ်ထဲမကျေမနပ်ဖြစ်နေမိသည်။မျက်နှာက ခဏ က ဒေါ်မြခင်အရှေ့မှာ အချိုသပ်ပြုံးထားရသလောက် အပေါ်တက်သွားတာနှင့် သံပုရာသီးကိုက်မိသလို မဲ့ရူံ့နေလေသည်.....။
စန္ဒာကို ဦးဘတင်နှင့်ဒေါ်မြခင်တို့က အမွေအနည်းငယ်သာပေးရသည့် အကြောင်းကလည်း စန္ဒာသည် မိဘ သဘောမတူသည့်
မိန်းမပွေရူပ်ကာ၊လောင်းကစားစွဲသည်
ဟု နာမည်ကြီးသော စစ်ဗိုလ်တစ်ဦးနှင့်
မိဘမျက်နှာကို အိုးမဲသုတ်ကာ ခိုးရာလိုက်ပြေးခဲ့ သောကြောင့်ဖြစ်သည်။ထိုစဉ်က ကိုဒီပါသည် ရုပ်ဖြောင့်ပြီး မိန်းမကျမ်းကျေသောကြောင့် သူဠေးသမီးဖြစ်သော စန္ဒာကို အရယူအမိဖမ်းလိုက်ခြင်း
ဖြစ်သည်။ခိုးပြေးလိုက်ခြင်းဖြစ်သည်။
ထိုသို့ ခိုးပြေးလိုက်ခြင်းက မိဘနှစ်ဖက်လုံး
သူတို့ကို သဘောတူမည်။ကြည်ဖြူကြမည်ဟု ထင်ခဲ့ကြတာ။တကယ်လက်တွေ့မှာတော့.....။ကိုဒီပါ့ရဲ့ မိဘတွေကလည်း သူရဲ့
လောင်းကစားအကြွေးများကို အိမ်ကဆပ်ရလွန်းသဖြင့် သူတို့ရဲ့အိမ်ကိုပင် အလာမခံတော့ပေ။စန္ဒာရဲ့ မိဘများကလည်း သူတို့စေ့စပ်ပေးထားသော သဘောင်္သားနှင့်မယူပဲ အကျိုးအကြောင်းမပြောကာ လူကြီးဆုံရာနှင့် စေ့စပ်မည့်နေ့ကိုရောက်မှ ကိုဒီပါ
၏နောက်ကို ကောက်ကောက်ပါအောင် ခိုးရာလိုက်ပြေးသွား သောကြောင့် ဦးဘတင်နှင့်ဒေါ်မြခင်တို့ အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ကြရသည်။ထို့ကြောင့် ဦးဘတင်က သူ့ရဲ့သမီးစန္ဒာကို စိတ်ဆိုးသဖြင့် သတင်းစာထဲတွင် အမွေပြတ်စွန့်လွှတ်ကြောင်း၊သူတို့နှင့် မသက်ဆိုင်တော့ပါကြောင်း ကြော်ညာစာထည့်ခဲ့လေသည်။
YOU ARE READING
တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)
Romanceဤ "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"ဝထ္တုရှည်ကိုလည်း မေလ ၁၇နေ့က ကျရောက်ခဲ့တဲ့ IDAHOT Day (International Day Against Homophobia,Transphobia, Biphobia) နေ့ မှာအကြံရပြီး စတင်ရေးသားခဲ့တာပါ။ဒါဟာ နွေဦးရဲ့ ပထမဆုံး ပညာပေးဝတ္ထုရှည်ပါ။အရင်ခေတ်တုန်းက ပတ်ဝန်းကျင်၊...