☘️ အပိုင်း - ၂၃ ☘️ (ဇာတ်သိမ်းပိုင်း)
Title = “တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်”
Author = နွေဦးကံ့ကော်×××××××××××××××××××××××××××
( ၂၃ )
ယခုအချိန်.....ဇွန်လ၊ မိုးရာသီ ။
သက္ကရာဇ် ၂၀၁၈ ခုနှစ် ။နှစ်ပေါင်းမျာစွာ ကြာမြင့်ပြီးနောက်တွင်
စိမ်းသည် မိဘနှစ်ပါးရဲ့ပိုင်ဆိုင်သမျှစည်းစိမ်အားလုံးကို အသုံးပြုကာ
“အရိပ်” ဆိုတဲ့ LGBTတွေအတွက်ခိုနားရာ နေရာတစ်ခုဖြစ်တဲ့ ပရဟိတဖောင်ဒေးရှင်းကို မြို့ကြီးတွေအနှံအပြားမှာ ထူထောင်ခဲ့သည်။သူ့ရဲ့ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးကိုလည်း ဒီပရဟိတဖောင်ဒေးရှင်းမှာ မြုပ်နှံပြီး အကူအညီလိုအပ်နေတဲ့ lgbtတွေကို အဘက်ဘက်ကနေကူညီပေးဖို့ သူမ ကြိုးစားခဲ့ပါတယ်။
စိမ်းက “အရိပ်” ဆိုတဲ့ ဖောင်ဒေးရှင်းကို နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်
ကြားနေတဲ့ lgbt ပညာရှင် အားလုံးနဲ့ဖွဲ့စည်းထားတာလေ။ ဒီဖောင်ဒေးရှင်းမှာ lgbtတွေရဲ့ ကျန်းမာရေးအတွက် အခမဲ့ဆေးပေးခန်းတွေ၊ဆရာဝန်တွေရှိတယ်၊
နောက်ပြီး အသက်မွေးဝမ်းကြောင်း
အလုပ်အတွက်လည်း မိတ်ကပ်ပြင်တာ
တွေ၊မုန့်လုပ်နည်းတွေ၊အင်္ကျီချုပ်တာ၊လက်မှုလုပ်ငန်းတွေ စသဖြင့် အားလုံးကိုလည်း သင်ကြားပေးတယ်လေ။အထူးသဖြင့် Lgbtတွေ ဥပဒေရေးရာ ကိစ္စတွေကြုံလာရင်လည်း ဖြေးရှင်းပေးဖို့
ငွေကြေးမတက်နိုင်တဲ့အခါ အရိပ် ဖောင်ဒေးရှင်းကိုလာပြီး အကူအညီတောင်းခံလို့ရတယ်လေ။ရှေ့နေတွေရောရှိတယ်။စိမ်းက lgbtလေးတွေရဲ့ဘဝကို အားကိုးရာမဲ့တယ်လို့ မထင်စေချင်ဘူး။သူ့တို့မှာ အားကိုးစရာ ဒီဖောင်ဒေးရှင်းကြီး ရှိနေပါတယ်ဆိုပြီး အားရှိစေချင်တာ။ဒါကြောင့်လည်း စိမ်းက အဘက်ဘက်ကနေ
ကြိုးစားပေးနေတာလေ။နိုင်ငံတစ်ကာနဲ့ ချိတ်ဆက်ပြီးတော့လည်း မြန်မာနိုင်ငံက lgbtတွေရဲ့ အခွင့်အလမ်းတွေအတွက်ကြိုးစားပေးနေတာ။နောက်ပြီး စိမ်းက
စာတော်တဲ့ တက္ကသိုလ်ကျောင်းသား၊
ကျောင်းသူ lgbt လေးတွေကိုလည်း ပညာသင်ဆု၊ scholarshipတွေနှစ်တိုင်းပေးတယ်လေ။နောက်ပြီး ပရိဟတ
လုပ်ချင်တဲ့ လူငယ်တွေ၊လူကြီးတွေကိုလည်း ဖိတ်ခေါ်တယ်။အခုချိန်မှာတော့
ဒီဖောင်ဒေးရှင်းကြီးဟာ အခြေခိုင်မာလာခဲ့ပြီလေ. . .။
YOU ARE READING
တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)
Romansaဤ "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"ဝထ္တုရှည်ကိုလည်း မေလ ၁၇နေ့က ကျရောက်ခဲ့တဲ့ IDAHOT Day (International Day Against Homophobia,Transphobia, Biphobia) နေ့ မှာအကြံရပြီး စတင်ရေးသားခဲ့တာပါ။ဒါဟာ နွေဦးရဲ့ ပထမဆုံး ပညာပေးဝတ္ထုရှည်ပါ။အရင်ခေတ်တုန်းက ပတ်ဝန်းကျင်၊...