အပိုင်း - ၁၄

310 24 0
                                    

☘️ အပိုင်း - ၁၄ ☘️  (BL Novel)

Title = “တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်”
Author = နွေဦးကံ့ကော်

×××××××××××××××××××××××××××

( ၁၄ )

“ကိုကြီး စောင့်နေတာ ကြာပြီလားဟင်
ဆော်ရီးပါနော် မြူ အိပ်ယာထတာ နည်းနည်းလေးနောက်ကျသွားလို့ပါ”

“ရပါတယ်‌ဗျာ...ကိုကြီး ရောက်တာမကြာသေးပါဘူး”

“ဒါဆိုသွားတော့မလား ကိုကြီး”

“အင်း...သွားကြမယ်လေ။
ကိုကြီး အန်တီစီမှာလည်း ခွင့်တောင်းပြီးပြီ”

“ဟီးးးး ဟုတ်ပြီ”
______________________________

ကိုစောအောင်သည် သူ့ရဲ့အလုပ်များကိုဖြတ်ပြီး မြို့နားက ကမ်းခြေတွင် သူ့၏ဝါသနာအရ ဓာတ်ပုံရိုက်ချင်၍ ဖြစ်သည်။ နောက်ပြီး မြူဝေမောင်
ဆိုသော ကောင်လေးနှင့်လည်း နှစ်ယောက်ထဲနေချင်တာလည်း ပါသည်။
ထိုကောင်လေးနှင့် သူသည် အမှတ်တရကောင်းလေးများကို ဤကမ်းခြေကြီးတွင် ဖန်တီးချင်သည်။

မြူ သည် ကမ်းခြေရောက်တော့ စီးလာသော ဖိနပ်နက်ပြာလေးကို ချွတ်လိုက်ပြီး
လက်က ကိုင်ထားလိုက်သည်။ထို့နောက်
ပင်လယ်ကမ်းစပ်ကနေ သူတို့စီပြေးလာနေသော လိူင်းလုံးတွေစီကို ‌ပြေးသွားမိသည်။
ထို့နောက် မြူသည် ပျော်ရွင်စွာကလေးတစ်ယောက်လို ပြုံးရီလျက် ရေစပ်ထဲကနေ ကိုစောအောင်ကို လက်ယက်ကာလှမ်းခေါ်လိုက်သည်။

ကိုစောအောင်သည် လည်ပင်းတွင်ဆွဲထားသော ကင်မရာလေးဖြင့် မြူ့ရဲ့ချစ်စရာကောင်းနေမှုလေးကို ဓာတ်ပုံရိုက်ထားလိုက်သည်....။ထို့နောက် ရေထဲက မြူ့စီသို့
ပြေးသွားလိုက်၏။

ပင်လယ်လေတွေက တဖြူးဖြူးတိုက်နေသည်။ဝတ်ထားသော အပေါ်ထပ်လေးပင် လေထဲလွင့်မျောနေသည်။

“မြူ ဘာလို့ဖိနပ်ချွတ်တာလဲ သဲတွေပေါ်
လမ်းလျှောက်မှာကို”

“ကိုကြီးကလည်း ကမ်းခြေက သဲပြင်အေးအေးလေးပေါ်မှာ ခြေဗလာနဲ့လမ်းလျှောက်ချင်တာ မြူ့ရဲ့ စိတ်ကူးပဲ၊
ကမ်းခြေအဆုံးထိလည်း ခြေဗလာနဲ့ ပတ်ပြေးချင်တာ...လမ်းလျှောက်ရင် သဲလေးတွေက အိဝင်သွားတာ အရမ်းခံစားလို့ကောင်းတယ် နောက်ပြီး ကိုယ့်ရဲ့
ခြေရာလေးတွေလည်း ကျန်နေခဲ့တာ‌လေကိုကြီးလည်း ဖိနပ်တွေချွတ်ပြီး လျှောက်ကြည့်ပါလား....”

တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)Where stories live. Discover now