☘️ အပိုင်း - ၁၆ ☘️ (BL Novel)
Title = “တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်”
Author = နွေဦးကံ့ကော်×××××××××××××××××××××××××××
( ၁၆ )
မြူ အစကတည်းက တွေးထားပါတယ်။
ဒီလောက်ထိမြန်မယ်လို့တော့မထက်ထားခဲ့မိဘူးပေါ့။ကိုကြီးနဲ့တစ်နေ့တော့ ခွဲရမယ်ဆိုတာ မြူသိပါတယ် ဘာလို့ဆို မြူတို့ရဲ့
အချစ်ကို လူ့ပတ်ဝန်းကျင်က လက်မခံကြဘူးလေ။ကိုကြီးက ဂုဏ်သရေရှိလူကြီးတစ်ယောက်ဆိုတော့ ပိုဆိုးတာပေါ့ သာမန်မိသားစုဘဝကို ပိုင်ဆိုင်ချင်တာ မဆန်းပါဘူးလေ။“နောက်ဆုံးအနေနဲ့ မြူတစ်ခုတော့ ကိုကြီးကို မေးခဲ့ပါရစေ ကိုကြီး မြူ့ကို တကယ်
ချစ်ခဲ့တာလား ဟင်....”“တကယ်ချစ်ခဲ့တာပေါ့ကွာ အရမ်းချစ်တာပေါ့ ဒါပေမဲ့ ကိုကြီးတို့ရဲ့ အချစ်က ဒီလူ့ပတ်ဝန်းကျင်မှာ နေရာမှမရှိတာ မြူလည်း အသိပဲမဟုတ်လား ဒီကိစ္စနဲ့ပက်သက်ပြီးကိုကြီးကို နားလည်ပေးပါလို့ပဲ မြူ့ကို
ဒါပဲ ပြောနိုင်တယ်။ကိုကြီးကို မြူခွင့်မလွှတ်နိုင်လဲရပါတယ်၊မြူ ကိုကြီးကို မုန်းချင်လည်း မုန်းလိုက်လို့ရပါတယ်...ကိုကြီး
မြူ ပေးတဲ့ ပြစ်ဒဏ်ကို ကျေကျေနပ်နပ်ကြီးခံယူပါ့မယ်. . .”“မမုန်းပါဘူး ကိုကြီးရယ်...ဘာအပြစ်မှလည်း မပေးပါဘူး တကယ်ချစ်ခဲ့တယ်ဆိုရင်ပဲ အဲ့စကားတစ်လုံးတည်းနဲ့ကို မြူ
ကျေနပ်ပါတယ် ကိုကြီးလည်း မိသားစု
အသစ်နဲ့ပျော်ရွင်ပါစေ လို့ပဲ မြူ အဝေးကနေပဲ ဆုတောင်းပေးနေမှာပါ ကိုကြီးလည်း မြူ့နဲ့ပက်သက်ပြီး ဘာမှစိတ်ထဲမထားနဲ့တော့နော် မြူ အဆင်ပြေပါတယ်. . .”“ကျေးဇူးပါပဲ မြူရယ်”ဟု ပြောကာ ကိုစောအောင်က စားပွဲပေါ်က မြူ့ရဲ့ လက်ကလေးကို လက်ဖဝါးနှစ်ဖက်နဲ့ လှမ်းစုပ်ကိုင်လိုက်သည်။
မြူသည် ကိုယ်စောအောင်ကို ကြည့်ရင်း
ပါးပြင်မှာ မျက်ရည်များ အဆက်မပြက်စီးကျလာသည်။တကယ်ပဲ သူတို့ရဲ့အချစ်က
အဆုံးသတ်သွားကြပြီလား ဒီနေရာမှာပဲ
နှစ်ယောက်သား စတင် ရင်ခုန်ခဲ့ကြတယ်။ဒီနေရာမှာပဲ နှစ်ယောက်စလုံး လမ်းခွဲခဲ့ကြတယ်။
YOU ARE READING
တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)
Romansaဤ "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"ဝထ္တုရှည်ကိုလည်း မေလ ၁၇နေ့က ကျရောက်ခဲ့တဲ့ IDAHOT Day (International Day Against Homophobia,Transphobia, Biphobia) နေ့ မှာအကြံရပြီး စတင်ရေးသားခဲ့တာပါ။ဒါဟာ နွေဦးရဲ့ ပထမဆုံး ပညာပေးဝတ္ထုရှည်ပါ။အရင်ခေတ်တုန်းက ပတ်ဝန်းကျင်၊...