☘️ အပိုင်း - ၂၁ ☘️ (BL Novel)
Title = “တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်”
Author = နွေဦးကံ့ကော်×××××××××××××××××××××××××××
( ၂၁ )
မြူရဲ့ အမြင်များသည် ဝါးတားတားဖြစ်လာသည်။ထို့နောက် မြူသည် မျက်စိ ရှေ့က မြစ်ကူးတံတားစီကို သွားလိုက်သည်။ထို့နောက် မြူသည် အားလုံးကို ကျောခိုင်းရန် တံတားဘောင်ပေါ်သို့ တက်လိုက်တော့သည်. . .။မြူ လူ့လောကကြီးကနေလွတ်မြောက်ချင်ပြီ။ထွက်သွားချင်ပြီ. . .။
မိုးက သိပ်မရွာတော့ပဲ...လေအေးတွေက တဖြူးဖြူးနဲ့ ကြက်သီးမွှေးညင်းများ ထအောင် တိုက်နေသည်။မြူသည် ကိုစောအောင်နဲ့အိမ်ကလူတွေအကြောင်းတွေးပြီး တဟားးးဟားးနှင့်အကျယ်ကြီး အရူးတစ်ယောက်လိုအော်ရီမိသည်။ထို့နောက် သူငိုမိသည်.....။
ထိုစဉ် “မြူ...” ဟု သူ့နာမည် ခေါ်သံကို
သူ ကြားလိုက်ရသည်။သူ လှမ်းကြည့်မိတော့ ကိုစောအောင် ဖြစ်နေသည်။ကိုစောအောင်သည် ကားပေါ်က ဆင်းပြီး မြူ့အနားကို အတင်းပြေးလာခဲ့သည်။“မြူ အဲ့ပေါ်ကနေဆင်းခဲ့ပါကွာ မြူ့ကို
အိမ်ကလူတွေအရမ်းစိတ်ပူနေကြတယ်။
အဲ့လိုမလုပ်ပါနဲ့ကွာ ဆင်းခဲ့ပါ ကိုကြီးလည်း မြူ့ကိုစိတ်ပူလို့ မြို့ထဲပတ်ရှာနေတာပါ။အေးအေးဆေးဆေးစကားပြောရအောင် အဲ့အပေါ်ကနေ ဆင်းခဲ့ပါကွာနော်....မြူ ခံစားနေရတာတွေအားလုံး
ကိုကြီးနားလည်ပါတယ် စိတ်နောက်မာန်ပါမလုပ်ပါနဲ့နော်...မြူ”“လူလိမ်....လူညာ ခင်ဗျားပြောတာ
ကျနော် တစ်လုံးမှမယုံဘူး။ဘာနားလည်တာလဲ၊ဘာစိုးရိမ်တာလဲ ကျနော်ကို ဒီတစ်လောကလုံးမှာရှိတဲ့ ဘယ်သူမှ နားလည်ကြမှာမဟုတ်ဘူး၊ဘယ်သူမှလည်း စိတ်ပူမှာမဟုတ်ဘူး ။ခင်ဗျား လျှာရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့။ခင်ဗျားကို ကျနော် နောက်တစ်ခါထပ် မယုံတော့ဘူး။ဘယ်တော့မှလည်း ယုံမှာမဟုတ်ဘူး...!! ”“မဟုတ်ပါဘူးကွာ ကိုကြီး ရှင်းပြတာနားထောင်ပါအုံးမြူရယ်. . .ကိုကြီး တကယ်ပြောနေတာပါ မြူ မယုံရင်
ကိုကြီး ကျိန်ဆိုကျိန်ပြပါ့မယ် ”
YOU ARE READING
တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)
Romanceဤ "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"ဝထ္တုရှည်ကိုလည်း မေလ ၁၇နေ့က ကျရောက်ခဲ့တဲ့ IDAHOT Day (International Day Against Homophobia,Transphobia, Biphobia) နေ့ မှာအကြံရပြီး စတင်ရေးသားခဲ့တာပါ။ဒါဟာ နွေဦးရဲ့ ပထမဆုံး ပညာပေးဝတ္ထုရှည်ပါ။အရင်ခေတ်တုန်းက ပတ်ဝန်းကျင်၊...