☘️ အပိုင်း - ၂၂ ☘️ (BL Novel)
Title = “တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်”
Author = နွေဦးကံ့ကော်×××××××××××××××××××××××××××
( ၂၂ )
ဖေဖေနဲ့မေမေ ဆုံးပြီးနောက် ကျန်ခဲ့တဲ့ ဥစ္စာပစ္စည်းအားလုံးကို စိမ်းကပဲစီမံပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။စိမ်းကို ဂျူလီယာနဲ့ကိုဇေယျာတို့နှစ်ယောက်ကလည်း အစစအရာရာအားလုံး ကူညီပေးကြတယ်။အထူးသဖြင့် စိမ်းအတွက် အခက်အခဲဆုံးအချိန်တွေမှာ စိမ်းရဲ့
ဘေးမှာ အကိုဇေယျာဟာ မားမားမတ်မတ်ရပ်တည်ပေးခဲ့တယ်။
ရှိနေပေးခဲ့တယ်။ကိုဇေယျာဟာ စိမ်း ပြိုလဲနေတဲ့အချိန်မှာ စိမ်းရဲ့ အားကိုးရာ၊မှီခိုရာ အရိပ်တစ်ခုဖြစ်ခဲ့တယ်လေ။စိမ်းတစ်ယောက်လည်း တစ်ဖြေးဖြေးနဲ့ ရင့်ကျက်လာပြီး အချစ်ဆိုတာ တကယ်တော့ ဘယ်လိုမျိုးလဲဆိုတာ သိလာခဲ့ရတယ်။အဲ့အချစ်ကတော့ သူမရဲ့ အမှောင်ဆုံး နေ့ရက်တွေမှာတောင် သူမရဲ့ ဘေးမှာမငြီးမညူရှိနေပေးခဲ့တဲ့တစ်စုံတစ်ယောက်ပေါ့. . . .။
*************************************
စန္ဒာကတော့ အမွေတွေကိုလည်း မမက်မောတော့ပါဘူး။ဒါကြောင့်လည်း သူမ
ဘာတစ်ခုကိုမျှ မယူတော့တာပဲ စိမ်းကိုပဲ
ပေးခဲ့တာ။ကိုဒီပါက အမွေတွေအားလုံး စိမ်းတစ်ယောက်ထဲရတာနဲ့ပက်သက်ပြီး မကျေမနပ်ဖြစ်ပြီး စန္ဒာ့ကို အမြဲပြသာနာရှာလျက်ပေါ့. . .။မကြာပါဘူးးး။ ကိုဒီပါသည် KTVက အပျက်မတစ်ယောက်နဲ့ကြိုက်ပြီးတော့
အဲ့ကောင်မကို အိမ်ကိုခေါ်လာပြီး စန္ဒာတို့သားမိကို အိမ်ပေါ်ကနေ နှင်ချလိုက်တယ်လေ....။သူမရဲ့ဘဝ အခုလိုကံဆိုးနေရတာဟာမိသားစုအပေါ်ယုတ်မာခဲ့လို့ ဆိုတာ သူမသဘောပေါက် နေပါပြီ။သူမရဲ့ အပြစ်
တွေကို ဆပ်ဖို့အတွက် သူမ ရာသက်ပန်သီလရှင်ဝတ်ပြီး အပြစ်ကြွေးတွေကို ဆပ်ဖို့ အတွက် သူမ ဆုံးဖြတ်ခဲ့၏။*************************************
“စိမ်းကပဲ မမရဲ့သားလေးကို ရှေ့ရှောက်စောင့်ရှောက်ပေးပါနော်...မမ ရာသက်ပန်သီလရှင်ဝတ်ပြီးတော့ တရားအားထုတ်တော့မယ်ကွယ်....”
YOU ARE READING
တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)
Lãng mạnဤ "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"ဝထ္တုရှည်ကိုလည်း မေလ ၁၇နေ့က ကျရောက်ခဲ့တဲ့ IDAHOT Day (International Day Against Homophobia,Transphobia, Biphobia) နေ့ မှာအကြံရပြီး စတင်ရေးသားခဲ့တာပါ။ဒါဟာ နွေဦးရဲ့ ပထမဆုံး ပညာပေးဝတ္ထုရှည်ပါ။အရင်ခေတ်တုန်းက ပတ်ဝန်းကျင်၊...