☘️ အပိုင်း - ၁၉ ☘️ (BL Novel)
Title = "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"
Author = နွေဦးကံ့ကော်×××××××××××××××××××××××××××
( ၁၉ )
ယနေ့ညတွင် မိုးများသည်းလျက်ရှိသည်။
မြူသည် အပေါ်ထပ်မှ အိမ်အောက်သို့ဆင်းလာသောအခါ ဧည့်ခန်းထဲတွင် ဖေကြီး၊ မေကြီး၊မမစန္ဒာ၊ကိုဒီပါတို့ လူစုံထိုင်နေလျက်ရှိသည်။တိတ်ဆိတ်နေကြသည်။
အားလုံးရဲ့အကြည့်စိမ်းစိမ်းကြီးများက မြူ့စီသို့ရောက်လာသည်။
ဖေကြီးရဲ့မျက်နှာကတော့ ပေါက်ကွဲထွက်မတက် ဒေါသထွက်နေသည့်ပုံစံ၊လက်သီးကိုလည်း ကျစ်နေအောင်ဆုပ်ထားသည်။
မေကြီးကတော့ သိမ်ငယ်စွာဖြင့်သက်ပြင်းတစ်ချက်ပြီးတစ်ချက်ချလျက်...မစန္ဒာရဲ့ မျက်နှာကတော့ မဲ့ရူံနေပြီး စိတ်ပျက်နေသည့် ပုံ။ကိုဒီပါကလည်း စိတ်တိုနေသည့်ဟန်ဖြင့်......။
"ဘာကိစ္စရှိလို့လည်း အားလုံးဘာဖြစ်နေကြတာလဲ ဘာလို့မြူ့ကို စိုက်ကြည့်နေကြတာလဲ"
မစန္ဒာက ဒေါသကြီးစွာ မာကြောသောလေသံဖြင့်...."ဘာကိစ္စဖြစ်ရမလဲ နင့်ကိစ္စပေါ့ "ဟု ဆိုကာ မြူ့ရဲ့ ဒိုင်ယာရီ
စာအုပ်ကို သူ့ အရှေ့က စားပွဲပေါ်သို့ ပစ်ချလိုက်သည်။သည်စာအုပ်ထဲမှာ မြူ၊ကိုကြီးနဲ့ချစ်နေတဲ့အကြောင်းတွေရေးထားတာ.....ဒါဆိုရင်အကုန်လုံး သိသွားကြပြီပေါ့.....။မြူ သည် မစန္ဒာ ပစ်ချလိုက်သော သူ့ရဲ့ ဒိုင်ယာရီ စာအုပ်ကြောင့် မှင်သက်သွားမိသည်။ရှက်သည့်စိတ်နှင့်ကြောက်သည့်စိတ်ရောရှက်လျက်ကာ မည်သည့်အသံမျှထွက်မလာတော့......။
"ကဲ နင်ဘာပြောအုံးမလဲ မြူ၊နင့်အ
ကြောင်း ကိုဒီပါပြောလို့ ငါတို့အားလုံး သိပြီးပြီ ဘာမှလိမ်ဖို့မစဉ်းစားနဲ့ အမှန်တိုင်းပြော...စမ်း။နင် ခြောက်နေတာလား၊ယောက်ျားအချင်းချင်းကြိုက်နေတာလားးးနင့်မှာ စဉ်းစားတက်တဲ့ ဦးနှောက်ရှိရင် အခုနင်လုပ်နေတာတွေက ဖြစ်သင့်သလား၊မဖြစ်သင့်ဘူးလား ဆိုတာ နင်မစဉ်းစားခဲ့ဘူးလား။နောက်ပြီး နင့်ကို ဖေကြီးက သားယောက်ျားလေးတစ်ယောက်ပဲပါတာဆိုပြီး သူ့အလုပ်တွေကို ဆက်ခံဖို့ မျှော်လင့်ထားတာ အခုတော့ နင်က
တစ်မိသားစုလုံး အရှက်ကွဲပြီးသေမယ့် ကိစ္စတွေလုပ်နေတာပဲ နင် မရှက်ဘူးလား ဟမ်....!! နင် မရှက်ဘူးလား...!! "
YOU ARE READING
တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)
Romanceဤ "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"ဝထ္တုရှည်ကိုလည်း မေလ ၁၇နေ့က ကျရောက်ခဲ့တဲ့ IDAHOT Day (International Day Against Homophobia,Transphobia, Biphobia) နေ့ မှာအကြံရပြီး စတင်ရေးသားခဲ့တာပါ။ဒါဟာ နွေဦးရဲ့ ပထမဆုံး ပညာပေးဝတ္ထုရှည်ပါ။အရင်ခေတ်တုန်းက ပတ်ဝန်းကျင်၊...