အပိုင်း - ၇

367 29 0
                                    

☘️ အပိုင်း - ၇ ☘️  (BL Novel)

Title = “တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်”
Author = နွေဦးကံ့ကော်

×××××××××××××××××××××××××××

( ၇ )

ထို့နောက် မြူက ကိုစောအောင်ရဲ့ မျက်နှာကို မော့ကြည့်ကာ....။

“မြူလည်း မသိတော့ပါဘူး ကိုကြီးရယ်
သေချာတာကတော့ မြူငယ်ငယ်လေးကတည်းက အိမ်ကလူတွေရဲ့ စည်းတွေဘောင်တွေကြားထဲမှာ မြူ နေခဲ့ရတော့
မြူ ကိုယ့်ကိုကိုယ်တောင် ပျောက်ဆုံးနေသလိုခံစားရတယ်၊မြူ ဖြစ်ချင်တာကိုလည်း ဘယ်သူမှမသိကြဘူး၊မေးလဲမမေးကြဘူး၊မြူ တစ်ခုခုလုပ်မယ်ဆိုရင်လည်း
မလုပ်ခိုင်းကြဘူး မြူ တကယ်မပျော်ဘူး
ကိုကြီးရယ်....မြူ တစ်ခါတစ်လေဆို မလုပ်ချင်တာ‌တွေ လုပ်နေရတော့ စိတ်ညစ်လွန်းလို့ အိမ်ကနေထွက်ပြေးချင်မိတယ်....” ဟု ‌မြူက ဝမ်းနည်းစွာပြောပြီးမိုးအသံများနှင့်အပြိုင် ငိုချမိသည်။

“မငိုပါနဲ့ မြူရယ်၊ဘဝဆိုတာ ဒီလိုပါပဲ၊
ကိုကြီးလည်း မလုပ်ချင်တာတွေ လုပ်နေရတာပါပဲ”ဟု ဆိုကာ ကိုစောအောင်က ငိုနေသာ မြူ့ ကို ရင်ခွင်ထဲသို့ သိုင်းဖက်ထည့်ထားလိုက်သည်။မြူ့ရဲ့ မျက်နှာက
ကိုကြီးရဲ့ ရင်ဘတ်ထဲရောက်နေ၏။

မြူကလည်း တရိူက်ရိူက်နှင့်ကိုကြီးရင်ခွင်ထဲတွင် ငိုနေမိသည်။ကိုကြီးက တင်းကျပ်၊နွေးထွေးစွာ ဖက်ထားလျက်ပင်....။

“ဒါနဲ့ မြူက ဘာဖြစ်ချင်တာလဲ၊ဘာဝါသနာပါတာလဲ”

“စာအုပ်တွေဖတ်ရတာ ကြိုက်တယ်၊နောက်ပြီးတော့ မြူ နိုင်ငံကျော် စာရေးဆရာတစ်‌ယောက်ဖြစ်ချင်တယ်...ကိုကြီး”

“မိုက်တာပေါ့ကွာ....မြူ စာတွေ ကိုကြီးက ပထမဆုံး ဖတ်မယ်...နာမည်ကြီးသွားရင် မေ့မသွားရဘူးနော်ဗျ”

“အဝေးကြီးပါ ကိုကြီးရယ်...မြူ အခုထိ
စာကို တစ်လုံးမှမရေးရသေးပါဘူး...နောက်ပြီး အိမ်ကလဲ ခွင့်ပြုမှာမဟုတ်ဘူးရယ်...မြူက မြူ့ရဲ့
ဘဝကို တက္ကသိုလ်ကျောင်းလေး‌သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွင်ရွင်‌ ကျောင်းတက်ပြီး စာလေးတွေရေးပြီး အေးအေးဆေးလေးပဲ ဖြတ်သန်းသွားချင်တာ၊ရိုးရိုးရှင်းရှင်းလေးပဲ မြူ နေချင်တယ်....ဒါပေမဲ့လည်း အဲ့တာတွေက စိတ်ကူးပါပဲကိုကြီးရယ် လက်တွေ့ဘဝက မြူ ကတော့ ဒီလောင်းရိပ်တွေအောက်ကနေ ရူန်းမထွက်နိုင်သေးပါဘူး....” ပြောရင်း မြူ မျက်ရည်စို့လာပြန်သည်။

တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)Where stories live. Discover now