အပိုင်း - ၄

513 31 0
                                    

☘️ အပိုင်း - ၄ ☘️ (BL Novel)

Title = "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"
Author = နွေဦးကံ့ကော်

×××××××××××××××××××××××××××

( ၄ )

သီချင်းလေးဆုံးတော့ မြူသည် မှိတ်ထားသော မျက်ဝန်းနှစ်စုံကို ဖွင့်လိုက်သည်။
ထိုအချိန် မြူ့ အရှေ့မှာထိုင်နေသော
ကိုကြီးရဲ့ တည်ကြည်တဲ့ မျက်နှာက
မြူ့ရဲ့ အကြည့်မြင်ကွင်းထဲ နေရာယူထားလိုက်သည်။မြူရဲ့ ရင်တွေခုန်လာသည်။
မြူ ရဲ့ ပထမဆုံး ရင်ခုန်ခြင်း။ဒါကလည်း
အမျိုးသားကြီး တစ်ယောက်အပေါ်တွင်
ဖြစ်၏။မြူ ကိုယ့်ကိုကိုယ် နားမလည်နိုင်တော့ပါ။မြူ ဘာကြောင့်များ တစ်ခါမှမသိကျွမ်းခဲ့ဘူးသည့် သူစိမ်းတစ်ယောက်အပေါ်ကို ရင်ခုန်နေမိတာလည်း. . . .။မြူ ဝေခွဲမရတွေးနေစဉ်.....။

မှာထားသည့် ကော်ဖီက အတန်အသင့်စောင့်ရအုံးမည်ဖြစ်၍ ကိုကြီးဘက်က စကားစပြောလာသည်။

"ညီ က သီချင်းတွေကို သဘောကျတာလား"

"အင်း သီချင်းတွေနဲ့စာအုပ်တွေကို သဘောကျတယ် "

"ကောင်းပါတယ်ကွာ ဒါနဲ့ညီနာမည်ကရော

"မြူဝေမောင် ပါ.....ညီ့ ကို မြူ လို့ပဲခေါ်နော်. . .ဒါနဲ့ ကိုကြီးရဲ့နာမည်ကရော"

"ဟုတ်ပါပြီ...ကိုကြီးရဲ့ နာမည်က ကိုစောအောင်ပါ နောက်ဆို ညီ့ကို ကိုကြီးက မြူ လို့ပဲခေါ်မယ်နော်. . .ဒါနဲ့ မြူ ရဲ့ အသက်ကရော ဘယ်လောက်ရှိပြီလဲ ငယ်အုံးမယ်ထင်တယ်နော်"

"မြူ့ အသက်က လာမယ့် လ ဆို၁၈ပြည့်ပါပြီ"

"ချာတိတ်လေးပဲ...." ဟု ကိုကြီးက ပြုံးကာပြော၏။

"ကိုကြီးကရော အသက်ဘယ်လောက်ရှိပြီလဲ...."

မြူကတော့ သူ့ကို လေးစားသမှုနဲ့ ကိုကြီးလို့ပဲ ခေါ်မယ်။

"ညီ ခန့်မှန်းကြည့်လေ ကိုကြီးရဲ့
အသက်ကို ဘယ်လောက်ရှိပြီထင်လဲ
ပြောပါအုံးး"

"အင်းးးး၂၆လောက် ရှိပြီလား"ဟု မြူက
ခေါင်းကလေးကိုကုတ်ကာ စဉ်းစားဟန်ဖြင့် ပြောလိုက်လေသည်။

"မဟုတ်သေးဘူးကွာ တစ်လုံးတော့လွဲနေသေးတယ်...."

"မသိတော့ဘူး...ဗျာ ပြောပြတော့"

တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)Where stories live. Discover now