Author's Note

242 20 0
                                    

☘️ တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်. . . .☘️

💌 Author Note 💌

ဤ “တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်”ဝထ္တုရှည်ကိုလည်း မေလ ၁၇နေ့က ကျရောက်ခဲ့တဲ့
IDAHOT Day (International Day Against Homophobia,Transphobia, Biphobia) နေ့ မှာအကြံရပြီး စတင်ရေးသားခဲ့တာပါ။ဒါဟာ နွေဦးရဲ့ ပထမဆုံး ပညာပေးဝတ္ထုရှည်ပါ။အရင်‌ခေတ်တုန်းက ပတ်ဝန်းကျင်‌၊မိသားစု‌၊ဆွေမျိုးများ‌‌နှင့်ချစ်ရသူကြောင့် suicided* လုပ်သွားသော “မြူ”ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်း ရေးသားထားတာပါ။

အရင်တုန်းက ပညာပေးဇာတ်လမ်းမျိုး ကျွန်တော်ရေးဖို့ကြိုးစားခဲ့ပေမဲ့ မတွေးနိုင်ခဲ့ပါဘူး။မရေးနိုင်ခဲ့ပါဘူး။အခုတော့ ကျွန်တော်ရဲ့ ဝတ္ထုရှည်လေး အပြီးသတ်နိုင်ခဲ့ပါပြီ။ကျွန်တော်က Professional Writerမဟုတ်တော့ သည်ဝတ္ထုမှာလည်းလိုအပ်ချက်တွေရှိရင် နားလည်ပေးကြပါ။ထောက်ပြပေးကြပါလို့ပဲ ပြောပါရစေ။အစကနေ အဆုံးထိဖတ်ပေးကြတဲ့ တစ်ဦးခြင်းစီကိုလည်း အထူးပင်ကျေးဇူးတင်မိပါတယ်ရှင်။ဒီဝတ္ထုကိုဖတ်ပြီး lgbt community နဲ့ပက်သက်ပြီး ဆင်ခြင်စရာ၊တွေးတောစရာ တစ်ခုခုရရင်ပဲ ကျွန်တော်ကျေနပ်ပါပြီ.....။

“လောကဓံကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ကြပြီး မိမိဖြစ်တည်မှုကို မိမိမြတ်နိုးတဲ့လူဖြစ်နိုင်ကြပြီး မိမိကိုလည်း အရှိအတိုင်း၊ဖြစ်တည်မှုအတိုင်း တန်ဖိုးထားပြီးဆက်ဆံပေးတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ကြပါစေ ဟု ဆုတောင်းလျက် LGBTQ များအား ဖိနှိပ်ခြင်းများ ကင်းဝေးကြပါစေ။”

မေတ္တာဖြင့်. . . .နွေဦးကံ့ကော်🏳️‍🌈

တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)Where stories live. Discover now