☘️ အပိုင်း - ၃ ☘️ (BL Novel)
Title = “တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်”
Author = နွေဦးကံ့ကော်×××××××××××××××××××××××××××
( ၃ )
ရပ်ကွက်လမ်းကြားကလေးတွင် လူသူရှင်းနေသည်။သစ်ရွက်ခြောက်များနှင့်စိန်ပန်းပွင့်ကြွေလေးများမှလွဲ၍ တခြားမရှိ။မြူသည် လမ်းထိပ်က ဘကြီးအောင်ရဲ့
စာအုပ်ဆိုင်လေးကို အမြဲတမ်းသွားနေကြပင်။အိမ်က အဆူခံရတိုင်းလည်း ဘကြီးအောင်ရဲ့ စာအုပ်ဆိုင်မှာ မြူ သွားနေတက်သည်။အိမ်နှင့်တော့ နည်းနည်းတော့ အလှမ်းဝေးပါ၏။သို့ပေမဲ့လည်း မြူက
လမ်းလျှောက်ရတာ နှစ်သက်တဲ့လူဆိုတော့ နီးနီးလေးလိုပါပဲ။ဒါနဲ့ ဘေးခြံက
လူကြီးကိုလည်းထွက်လာတုန်းက မတွေ့ခဲ့ရဘူး။အပြင်သွားတယ် ထင်ပါတယ်လေ။“အို...ငါဘာကြောင့် ဒီလူကြီးအကြောင်းကို
စိတ်ဝင်စားနေရတာလဲ”မြူ လမ်းလျှောက်နေရင်း စိတ်ထဲကတွေးနေမိသဖြင့် နူတ်ကရေရွတ်မိ၏။
အဝေးကနေ ဘကြီးအောင်ရဲ့ “ဆု”လို့
နာမည်ပေးထားတဲ့ စာအုပ်ဆိုင်ရဲ့ ဆိုင်းဘုတ်လေးကို လှမ်းမြင်နေရပြီ။
နှစ်ထပ်တိုက်ဆိုင်လေးဖြစ်သည်။အပေါ်ထပ်တွင် ဘကြီးနေပြီး။အောက်ထပ်တွင်တော့ စာအုပ်ဆိုင်ဖွင့်ထားခြင်း ဖြစ်၏။မြူလေ ဘကြီးအောင်ရဲ့ ဘဝကို
အရမ်းအားကျတာပဲ။မြူလဲလေ အသက်ကြီးရင် သည်လိုမျိုး စာအုပ်ဆိုင်လေးဖွင့်ပြီး အေးအေးဆေးဆေးနေချင်တယ်။မြူ ရဲ့စိတ်ကူးလေးက မြူ စာရေးဆရာဖြစ်ချင်တယ်။မြူရေးထားတဲ့
စာတွေကို မြူစာအုပ်ထုတ်ချင်တယ်။
အခုထိတော့ မြူရဲ့ဝါသနာပါတဲ့ စာရေးခြင်း အလုပ်ကို မြူ တစ်စက်ကလေးမှ
စ မလုပ်ရသေးပါဘူး။မြူသည် နာရီအနည်းငယ်ကြာအောင်စာအုပ်ဆိုင်ထဲဝင်ရောက်မွှေနှောက်ပြီးနောက်
ဖတ်ရန်စာအုပ် ၂အုပ်ဝယ်ကာ အိမ်ပြန်လာခဲ့၏။အသစ်စက်စက်ဝတ္ထု စာအုပ်လေး
နှစ်အုပ်ကို ရင်ခွင်မှာပိုက်ကာ လျှောက်လာသည်။ထိုစဉ် ကောင်းကင်မှ မိုးစက်များ
ကျကာ ရုတ်တရက်မိုးရွာချခဲ့၏။မြူသည်
သူ၏ စာအုပ်အသစ်ကလေးများ မိုးရေစိုမည်ဆိုးကာ လမ်းဘေးနားက စိန်ပန်းပင်ကြီးအောက်မှာ အမြန်ပြေးပြီး ခဏမိုးခိုနေလိုက်သည်။

YOU ARE READING
တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)
Lãng mạnဤ "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"ဝထ္တုရှည်ကိုလည်း မေလ ၁၇နေ့က ကျရောက်ခဲ့တဲ့ IDAHOT Day (International Day Against Homophobia,Transphobia, Biphobia) နေ့ မှာအကြံရပြီး စတင်ရေးသားခဲ့တာပါ။ဒါဟာ နွေဦးရဲ့ ပထမဆုံး ပညာပေးဝတ္ထုရှည်ပါ။အရင်ခေတ်တုန်းက ပတ်ဝန်းကျင်၊...