☘️ အပိုင်း - ၅ ☘️ (BL Novel)
Title = "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"
Author = နွေဦးကံ့ကော်×××××××××××××××××××××××××××
( ၅ )
ရာသီဥတုက မိုးအေးအေးလေး ဖြစ်နေတာကြောင့် ကားစီးရတာ သိပ်ကိုဇိမ်ရှိတာပါပဲ။ပြတင်းပေါက်ကနေလည်း လေအေးလေးတွေ ဝင်ရောက်လို့နေတယ်။ကားထဲက ရေဒီယိုကနေ လာနေတဲ့ "ကမ္ဘာ့အပြင်ဘက်"ဆိုတဲ့ သီချင်းကလည်း သိပ်ကိုကောင်း။နောက်ပြီး တစ်လမ်းလုံး ကိုကြီးနဲ့မြူ တို့ စကားတွေကိုဖောင်ဖွဲ့ပြီး ပြောလာကြတာ ရယ်ရယ်မောမောနှင့်ပင်။ကားမောင်း နေတဲ့ ကိုကြီးရဲ့ပုံစံက သိပ်ကိုခန့်ညားတာပဲ။မြူ့လို မချစ်ဖူးသေးတဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်အတွက်တော့ အချစ်ဆိုတဲ့အရာဟာ သိပ်ကိုကြီးကျယ်ခန်းနားလွန်းတယ်။မြူ့ရဲ့ အချစ်ဟာ ကိုကြီးပေါ့....။
"နှင်းဆီမြိုင် ကော်ဖီခြံ" ဟူသော ခြံတံခါးအဝမှ ဆိုင်းဘုတ်ကြီးက မြူတို့ကို ကြိုဆိုနေသည်။ကိုကြီးက ကားဟွန်းကို နှစ်ချက်၊သုံးချက်တီးလိုက်သည်နှင့် ခြံစောင့်ဘကြီးက ပြေးထွက်လာကာ ခြံတံခါးကိုဖွင့်ပေးပါသည်။ထို့နောက် ကားလေးကို အိမ်ဘေးက အရိပ်ကောင်းသောသစ်ပင်ကြီးအောက်မှာ ရပ်ထားလိုက်တယ်။ကိုကြီး ရဲ့
သူငယ်ချင်းဆိုတဲ့ လူကြီးက မြူတို့ကို
အိမ်ပေါက်ဝကနေ ပြုံးပြုံးကြီးနှင့်စီးကြို
နေသည်။အသက်ကတော့ ကိုကြီးနဲ့ရွယ်တူလောက်ပင်။ရုပ်ကတော့ရင့်ပြီး အသားမဲသည်။လမ်းမှာ ကိုကြီးပြောပြလို့ ထိုလူဟာ ကော်ဖီခြံပိုင်ရှင်၊ကိုကြီးရဲ့ ကျောင်းနေ
ဖက် သူငယ်ချင်းဆိုတာ မြူ သိပြီးပါပြီ။ထိုလူနဲ့ကိုကြီးဟာ မတွေ့ရတာကြာတဲ့
သူငယ်ချင်းတွေဖြစ်တာကြောင့် ပွေ့ဖက်ကာနူတ်ဆက်နေကြသည်။ထို့နောက် မြူနဲ့ကိုကြီးကို မနက်စာစားရန် အိမ်ထဲသို့ခေါ်သည်။မြူနှင့်ကိုကြီးသည် ထိုလူ၏
အနောက်မှ လိုက်လာခဲ့၏။ဧည့်ခန်းထဲရောက်တော့ ကိုကြီးနဲ့သူရဲ့သူငယ်ချင်းဟာ တစ်နာရီလောက်စကားတွေပြောနေကြသည်။မြူကတော့ အိမ်ထဲလှည့်ပက်ကြည့်ကာ အိမ်ကလေးကို သဘောကျနေမိသည်။မြူလည်း ဒီလိုမျိုး ခြံအကျယ်ကြီးထဲမှာ သီးသန့်အိမ်ကလေးနဲ့ နေချင်လိုက်တာ။ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်လို့ နေချင်စရာလေး။ဒီလိုနေရာမျိုးမှာ ကိုယ်ချစ်တဲ့လူနဲ့ နှစ်ယောက်တည်း အတူနေလိုက်ရလျှင်ဖြင့်....။ဘယ်လောက်ကောင်းလိုက်မလဲ။မြူ တွေးကြည့်ကာ စိတ်ကူးယဉ်နေမိသည်။
YOU ARE READING
တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)
Romanceဤ "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"ဝထ္တုရှည်ကိုလည်း မေလ ၁၇နေ့က ကျရောက်ခဲ့တဲ့ IDAHOT Day (International Day Against Homophobia,Transphobia, Biphobia) နေ့ မှာအကြံရပြီး စတင်ရေးသားခဲ့တာပါ။ဒါဟာ နွေဦးရဲ့ ပထမဆုံး ပညာပေးဝတ္ထုရှည်ပါ။အရင်ခေတ်တုန်းက ပတ်ဝန်းကျင်၊...