အပိုင်း - ၁၅

363 25 2
                                    

☘️ အပိုင်း - ၁၅ ☘️  (BL Novel)

Title = “တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်”
Author = နွေဦးကံ့ကော်

×××××××××××××××××××××××××××

( ၁၅ )

မြူသည် ကိုစောအောင်၏ ရုတ်တရက်
သူ့အား နမ်းလိုက်သည့် အပြုမူကြောင့် အံ့အားသင့်သွားပြီးတော့ ကိုစော‌အောင်ဘက်ကို လှည့်ကြည့်မိသည်။မြူသည် နူတ်ဖျားက မည်သည့်စကားပြောလို့ပြောရမှန်းမသိ တိတ်ဆိတ်နေမိသည်။ကိုစောအောင်အား အံဩစွာ ငေးကြည့်နေမိသည်။

ထိုသို့ မြူ့မျက်နှာလှည့်လိုက်မှ ကိုစောအောင်သည် သတိဝင်ပြီး....။

“ကိုကြီး တောင်းပန်ပါတယ်မြူရယ်
ကိုကြီး စိတ်နည်းနည်းလွတ်သွားလို့ပါ”

မြူ ဘက်က ဘာအသံမျှမထွက်လာ မျက်တောင်မျှမခက်ပဲ မျက်လုံးအဝိုင်းသားဖြင့်ကြည့်နေဆဲ.....။

ကိုစောအောင်သည် မထူးတော့ဘူးဟု ဆိုကာ သူ့ရဲ့ခံစားချက်အစစ်များကို မြူ့အား ထုတ်ဖော်ပြရန် ဆုံးဖြတ်လိုက်‌ တော့သည်။

“မြူ ကိုကြီးကို သည်စကားပြောလို့ စိတ်ဆိုးချင်လည်း ဆိုးပါ၊ကိုကြီး ဒီစကားကို ပြောသင့်မပြောသင့်စဉ်းစားနေတာကြာပါပြီ....ကိုယ့်ဘက်ကလည်း မြူ့ကို
ချစ်နေတယ်ဆိုတာ သေချာချင်သေးလို့
အချိန်ဆွဲနေတာ အခုတော့ ကိုယ်သဘောပေါက်ပြီ မြူ့ကို ကိုကြီး
ချစ်တယ်၊စတွေ့ကတည်းက ချစ်နေတာ
ကွာ....ကိုကြီးကို ရူးတယ်လို့ပဲ ပြောချင်ပြောပါတော့ ဒီစကားတွေက ကိုကြီးရင်ထဲက လာတဲ့ ခံစားချက်အစစ်အမှန်တွေပါ
မြူရော ကိုကြီးကို ဘယ်လိုသဘောထားသလဲ ဟင်....”

တိတ်ဆိတ်နေသော မြူသည် ကိုစောအောင်၏ ရင်ထဲမှ တရဆက် အန်ထွက်လာသော ခံစားချက်စကားများကြောင့်
အံသြဝမ်းသာဖြစ်နေသည်။တကယ်ဆို သူလည်း ဒီစကားကို မဝံ့မရဲနဲ့ မျှော်နေခဲ့ရတာမလား။အခုတော့ ကိုကြီးက မြူ့ကို
အရမ်းချစ်တာတဲ့လေ....။

မြူသည် ကိုစောအောင်ကို ကြည့်ရင်း စိတ်ထဲ ပျော်နေမိသည်။ကိုစောအောင် ၏ မျက်နှာက‌တော့ ဆိုးရိမ်သည့်ပုံရိပ်များနှင့်ဖုံးလွှမ်းလျက် မြူ လက်မခံမည်ကို ဆိုး
နေသည့်ပုံ။

တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)Where stories live. Discover now