☘️ အပိုင်း - ၉ ☘️ (BL Novel)
Title = “တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်”
Author = နွေဦးကံ့ကော်×××××××××××××××××××××××××××
( ၉ )
“ဟယ်လို...ဂျူလီယာလား”
“တို့ စိမ်း ပါ”“အင်း ဘာကိစ္စလဲ စိမ်း ”
“သဘက်ခါကြရင် မာမီရဲ့မွေးနေ့ရှိတယ်နော် အဲ့ဒါအိမ်မှာ ညဘက် Birthday Partyလုပ်မလို့လေ ဂျူလီယာအားရင်
အိမ်လာခဲ့ပါလား စကားလေးဘာလေးပြောရအောင် တို့တွေလည်း ဒီရက်ပိုင်းထဲမဆုံဖြစ်ကြဘူးမလား”“ဟုတ်ပါပြီ မမစိမ်းရယ် ကျွန်မနေ့လည်လောက်ကြရင် လာခဲ့မယ်နော်”
______________________________
“ကဲ...ပြောပါအုံး စိမ်းရယ် ဘာတွေများ
ပြောစရာရှိလို့လဲ”“လာထိုင်ပါအုံး ဂျူလီယာရယ် မနက်ဖြန်မ အမေ့မွေးနေ့ရှိတယ်နော် နင့်အကို ဇေယျာနဲ့အကိုစောအောင်ကိုလည်း လာခဲ့ပါလို့စိမ်းက ဖိတ်တယ်လို့ ပြောပေးအုံးနော်...”
“ဟယ်...ရှင်က အကိုစောအောင်နဲ့ သိနေကြပြီလား”
“အို...သိဆို အိမ်ဘေးကလေ ရှင်ကလည်း
နောက်ပြီး အိမ်က အငယ်ကောင်ကြောင့်နဲ့
သိတာ။ အရင်နေ့တုန်းက အိမ်မှာ ခဏလေးပဲ ဆုံလိုက်တာပါ ဂျူလီယာရဲ့၊သူ့အကြောင်းလေး ယူ သိသလောက် တို့ကို ပြောပြပါအုံး ဂျူလီယာရယ်၊တို့ စိတ်ဝင်စားလို့ပါ”“အမလေး..!!ဘုရားရေ...တစ်သက်လုံး
ဘေးနားမှာဝဲနေတဲ့ ယောက်ျားတွေကို
စိတ်မဝင်စားခဲ့တဲ့ ကျမ သူငယ်ချင်း စိမ်းက အခုတော့ စိတ်ဝင်းစားတဲ့လူရှိပြီပေါ့”
ဟု ဂျူလီယာက စိမ်းကို စလိုက်သေးသည်။ရှက်ရှက်ဖြင့် စိမ်းက...။
“ဂျူလီယာကလည်း တို့က သဘောရိုးနဲ့ပါ၊အရင်က စိတ်မဝင်စားတာတော့ မဟုတ်ပါဘူး အိမ်က အမေက သဘောမတူလို့လေ၊အခုက ထူးထူးဆန်းဆန်း အမေကလည်း
ကိုစောအောင်ကို သဘောတွေ့နေတယ်လေ ဒါကြောင့်ပါ...”“ဟုတ်ပါပြီရှင်...ပြောပါမယ်၊ကိုစောအောင်က အကိုဇေယျာနဲ့သူငယ်ချင်း
အရင်က အလည်လာတုန်းကတည်းက အိမ်မှာဝင်ထွက်နေကြတာလေ၊နောက် တော့ ဒီမြို့မှာ တာဝန်ကျတော့ နယ်ခံအိမ်ကလည်း မရှိတော့၊ဝတ်လုံတော်အရာရှိဆိုတော့ တွေ့ကရာအိမ်မှာနေလို့မရဘူးလေ
အဲ့ဒါနဲ့ တို့ တိုက်ကလည်း လူ မနေတာနဲ့ သူ့ကို ရောင်းလိုက်ကြတာ။စိမ်းသိတဲ့အတိုင်း ဂျူလီယာတို့ မောင်နှမကရပ်ကွက်ကြီးက အိမ်မှာပဲ နေဖြစ်ကြတာလေ ဒီအိမ်ကိုကြတော့ တို့မောက်နှမနှစ်ယောက်ကလည်း အလုပ်များပြီး မစောင့်ရှောက်နိုင်ကြတော့ ကိုစောအောင်ကလည်း ဈေးကောင်းကောင်းပေးပြီး ဝယ်မယ်ဆိုလို့ တစ်ခါတည်း ရောင်းလိုက်တာ စိမ်းရဲ့ ”
![](https://img.wattpad.com/cover/314495187-288-k675252.jpg)
YOU ARE READING
တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)
Dragosteဤ "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"ဝထ္တုရှည်ကိုလည်း မေလ ၁၇နေ့က ကျရောက်ခဲ့တဲ့ IDAHOT Day (International Day Against Homophobia,Transphobia, Biphobia) နေ့ မှာအကြံရပြီး စတင်ရေးသားခဲ့တာပါ။ဒါဟာ နွေဦးရဲ့ ပထမဆုံး ပညာပေးဝတ္ထုရှည်ပါ။အရင်ခေတ်တုန်းက ပတ်ဝန်းကျင်၊...