အပိုင်း - ၁၇

361 22 0
                                    

☘️ အပိုင်း - ၁၇ ☘️  (BL Novel)

Title = “တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်”
Author = နွေဦးကံ့ကော်

×××××××××××××××××××××××××××

( ၁၇ )

မြူသည် ပြသာနာများဖြစ်ပျက်ပြီးနောက်အိမ်သို့ တန်းမပြန်ပဲ ခြေဦးတည့်ရာ လျှောက်သွားနေမိ၏. . . .။

သူ ဘာဆက်လုပ်ရမလဲ တွေး‌နေရင်းးငိုရင်း‌နဲ့‌ပေါ့။သေချာတာကတော့ သူသည် ကိုစောအောင်နဲ့ထပ်မတွေ့ချင်တော့‌ပေ။ကိုစောအောင်နဲ့ဝေးရာကို ထွက်ပြေးချင်မိတယ်။

အချိန်အတော်ကြာ လမ်းဘေးရှိ ပန်းခြံလေးထဲက ခုံတန်းလေးပေါ်တွင် တစ်ယောက်ထဲ ထိုင်တွေးရင်းးးမှောင်ရီပျိုးလာတော့မှ မြူသည် သူ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားလို့ရပြီး အိမ်ကို ပြန်လာခဲ့လေသည်။

အဲ့ဆာကတော့ သူသည် ဖေကြီးကို ပြောပြီးတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်မည်။အဲ့နည်းကပဲ အားလုံးနဲ့သူ ဝေးနိုင်မဟုတ်လား။အထူးသဖြင့် ကိုစောအောင်ရဲ့အဝေးကိုပေါ့. . .။

မျက်စိပွင့်နားပွင့်နဲ့ လူရည်လည်တဲ့လူဖြစ်အောင်ဆိုပြီး အေး‌အေး‌ဆေးဆေးနေတက်တဲ့ မြူ့ကို ဖေကြီး က နိုင်ငံခြားလွှတ်ချင်နေတာလည်း ကြာပြီ။မြူက ပေတေပြီး မြန်မာပြည်မှာပဲနေချင်တယ်ဆိုပြီး အိမ်မှာကပ်နေနေလို့သာ အတင်းအကျပ်မစီစဉ်တာ. . . .။အခု မြူက နိုင်ငံခြားသွားချင်တယ်ဆိုရင် သေချာပေါက် ဖေကြီးက ပို့ပေးမှာပဲ. . .။

မြူ အိမ်ကိုပင်ပြန်ရောက်တော့ အတော်မိုးချုပ်နေပြီဖြစ်သည်။

“မြူ‌ဝေမောင်. .ဘယ်တွေကို သဝေထိုးနေလို့ အခုမှအိမ်ပြန်ရောက်လာတာလဲ” ဟု
ဒေါ်ခင်မြက ဧည့်ခန်းထဲမှာထိုင်နေရာမှ
အိမ်ထဲသို့ ဝင်လာသော မြူ့ကို လှမ်းပြောလိုက်ခြင်း ဖြစ်သည်။

မြူသည် ကိုယ့်အတွေးနဲ့ကို အိမ်ထဲဝင်လာတာ အိမ်ထဲမှာ မိသားစုတွေစုံလင်နေတာကိုပင် သတိမထားမိလိုက်. . .။

“ဟို...‌ကျ‌နော် နှင်းမြိုင်တို့ အိမ်မှာစာလုပ်နေလို့ပါ” ဟု ပြောပြီး ဧည့်ခန်းထဲကို သေချာကြည့်မိတော့မှ ဖေဖေရော၊မမစိမ်းရော၊မမစန္ဒာရယ်၊ကိုဒီပါရယ် အားလုံးစုံလင်စွာထိုင်နေကြတယ်.....။ဒါဟာလည်း
မြူ ထင်နေတဲ့ ကိစ္စအတွက်ပဲ နေမှာပေါ့။

တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)Where stories live. Discover now