အပိုင်း - ၈

348 31 8
                                    

☘️ အပိုင်း - ၈ ☘️  (BL Novel)

Title = “တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်”
Author = နွေဦးကံ့ကော်

×××××××××××××××××××××××××××

( ၈ )

မနက်စောစောပင် ကိုစောအောင်နှင့်မြူ တို့သည် အိမ်သို့စောစောပြန်လာခဲ့ကြသည်။ယနေ့သည် ကျောင်းဖွင့်ရက်ဖြစ်သည်။သို့သော် မနေ့ကအခြေအနေများကြောင့် မြူသည် သည်နေ့တစ်ရက်‌ ကျောင်းပျက်ခဲ့သည်။

အိမ်ထဲရှိ ဧည့်ခန်းထဲကို ဝင်ဝင်လိုက်ခြင်း .....။

“ကဲ အလေလိုက်နေတဲ့ အကောင် ပြန်လာပြီလား မိဘ‌တွေကတော့ စိတ်ပူလို့သေတော့မယ် ဘယ်နှယ့်လဲ အိမ်ကိုလည်းဘာမှမပြောသွားဘူး ကဲ လာစမ်းပါအုံး” ဟု
ဒေါ်မြင့်ခင်က ပြောလိုက်သောကြောင့်
မြူနဲ့ ကိုစောအောင်ရဲ့ ခြေလှမ်းများရပ်သွားသည်။

9နာရီထိုးနေပြီ မေမေနဲ့မမစိမ်းက မသွားကြသေးဘူးလား။ဧည့်ခန်းထဲတွင် ဒေါ်မြင့်ခင်နှင့်စိမ်းတို့ သားမိနှစ်ယောက်သည်ကော်ဖီသောက်နေလျက် မိန့်မိန့်ကြီးထိုင်ကာ ရပ်နေသော မြူနဲ့ ကိုစောအောင်ကို လှမ်းပြောလိုက်ခြင်းဖြစ်သည်။

စားပွဲစီသို့ မြူနဲ့ကိုစောအောင် ဝင်ထိုင်လိုက်သောအခါ စိမ်းက ဖတ်လက်စသတင်းစာကို ဘေးသို့ချထားလိုက်သည်။

“မြူဝေမောင် ပြောစမ်းပါအုံး မင်း ဘယ်တုန်းက အိမ်ကခွင့်မပြုပဲ အပြင်သွားရလို့လဲ၊အိမ်ကိုမပြောသွားဖို့ နင့်ကိုသင်ပေးထားတာလား...မိဘတွေအတွက် နည်းနည်းမှ မစဥ်းစားဘူးလား ဟမ်၊ငါတို့မှာ တစ်ညလုံး နင့်ကြောင့်နဲ့ အိပ်လို့မပျော်ဘူး ဘယ်တွေသွားနေတာလည်း ပြောစမ်း...”

ဒေါ်မြခင်သည် မာကျောခက်ထန်သော
လေသံဖြင့် ပြောလ်ုက်သည်။မြူကတော့
သိမ်ငယ်စွာ ကြောက်ရွံ့နေသည်။စိမ်းကတော့ ဘာမှဝင်မပြောပေ.....။

“ဟို ကျွန်တော် ရှင်းပြပါရစေ အန်တီ...
မြူ့ကို မဆူပါနဲ့ အားလုံးက ကျွန်တော်ရဲ့အပြစ်တွေမို့ပါ ”

“ဒါနဲ့ မင်းက ဘယ်ကလဲ၊ဘယ်သူလဲ၊
ဘယ်မိသားစုကလဲ”

“ကျွန်တော်နာမည်က စောအောင်ပါ။
ကျွန်တော်က မိုးကုတ်မြို့ကနေပြောင်းလာတာပါ အန်တီတို့ရဲ့ ဘေးခြံက တိုက်ကပါ၊မိဘတွေကတော့ စိန်ကုန်သည်တွေပါဗျ”

တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်(Completed)Where stories live. Discover now