🔸5🔸

255 31 4
                                    

[Unicode]

"... စစ်သူကြီးဂင်၏သမီးတော် ဂင်မျိုးနွယ် ချယ်ယောင်းနှင့် အမတ်ချုပ်ဟုန်း၏သမီးတော် ဟုန်းမျိုးနွယ် ဂျီအင်းတို့အား ကြင်ယာတော်အဖြစ်ရွေးချယ်တင်မြှောက်မယ်။ လာမည့် အိမ်ရှေ့စံမင်းသား၏ မွေးနေ့တွင် အိမ်ရှေ့စံမင်းသားအား ထီးနန်းလွှဲပြောင်းပေးမည်ဖြစ်ပြီး ထို့အခါမှ အိမ်ရှေ့စံမိဖုရားပါ တင်မြှောက်မည်။...... "

အမိန့်စာအရှည်ကြီး ပြီးဆုံးသွားသည့်နောက် အမတ်များထံမှ အသံများညံသွားလေသည်။

"ထီးနန်လွှဲပြောင်းဖို့ ပြန်လည်စဥ်းစားတော်မူပါအုန်းမင်းကြီး"

"အိမ်ရှေ့စံမင်းသားက ပြန်ရောက်တာမကြာသေးတော့ .. "

"ငါကိုယ်တော်က အသက်အရွယ်ရနေပြီ။ တိုင်းပြည်ကိုကောင်းကောင်းမစီမံနိုင်တော့ဘူး။ သားတော့လည်းပညာရောကြင်ယာပါဆုံပြီမို့ ထီးနန်လွှဲပေးတော့မယ်။ ဒါဟာအမိန့်ပဲမို့ အမတ်တို့နာခံကြလော"

ထက်မြတ်တဲ့ အိမ်ရှေ့စံမင်းသားအား အုပ်ချုပ်သူမဖြစ်စေချင်သော်လည်း မိမိတို့၏ဦးဆောင်သူ အမတ်ချုပ်ကြီးမှ တားမြစ်လိုက်တာကြောင့် ဆက်လက်၍မလျှောက်တင်တော့ပေ။

"မှန်လှပါမင်ကြီး .... "

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"တကယ်ပဲ အိမ်ရှေ့စံကို နန်းတက်ခွင့်ပြုတော့မှာလား အမတ်ချုပ်ကြီး"

"ကျုပ်သမီးတော်ကြင်ယာတော်ဖြစ်ပြီ။ မကြာခင်မိဖုရားဖြစ်တော့မှာပဲ။ ခွင့်မပြုစရာအကြောင်းမှမရှိတာ"

"ဒါမဲ့တစ်ဖက်က စစ်သူကြီးဂင်_"

"စစ်သူကြီးဂင်က မင်းကြီးရဲ့လူယုံပင်မဲ့ သူ့သမီးတော်က ကျန်းမာရေးမကောင်းသူမို့ ကျုပ်သမီးတော်ကို ယှဥ်နိုင်ရိုးလား😌"

"ဟားဟားဟား ဟုတ်ပါ့။ မကြာခင်အမတ်ချုပ်ကြီးက မိဖုရားခေါင်ကြီးရဲ့ခမည်းတော်၊ ဘုရင့်ယောက္ခမတော် ဖြစ်တော့မှာ"

"အမတ်ချုပ်ကြီး ဘုရင့်ယောက္ခမတော်ဖြစ်ရင် အရိပ်အဖွဲ့ကိုအရင်ရှင်းမှဖြစ်မယ်။ အရိပ်တပ်ဖွဲ့ကြောင့် ကျုပ်တို့တအားခက်ခဲနေရပြီ"

𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete) Where stories live. Discover now