🔸17🔸

189 21 4
                                    

[Unicode]


ယနေ့ နန်းတော်ထဲတွင် အတော်လူစည်နေသည့်နေ့ပင်။

"ကိုယ်တော့်ချစ်မိဖုရားလေး"

"အရှင် ယောင်းဒီမှာ"

မိဖုရားခေါင်နန်းဆောင်ရဲ့ ရေချိုးခန်းထွက်လာတဲ့ သူ့ရဲ့မိဖုရားလေးကို ဂျောင်းဂုတစ်ယောက် ငေးကြည့်နေမိတယ်။

"ကိုယ်တော့်မိဖုရားလေးက ဘယ်ဝတ်ရုံနဲ့ဖြစ်ဖြစ် လိုက်ဖက်နေရော။ ကိုယ်တော် စိတ်တောင်မချချင်တော့ဘူး"

"အရှင်ကလည်း ယောင်းက အရှင့်အပိုင်ပါ။ အရှင်သာ ဘယ်လိုနေနေ ခန့်ညားလွန်းလို့ ယောင်းမှာ အမြဲငေးကြည့်နေရတာ"

"😆😆 ယောင်းကတော့ကွာ"

"အရှင်မင်းကြီး အထိန်းတော်ကြီးပါ"

အပြင်ကထွက်လာတဲ့အသံကြောင့် ယောင်းတို့စကားစပျက်သွားတော့တယ်။

"ဝင်ခဲ့"

"အရှင်မင်းကြီးနဲ့ မိဖုရားခေါင်မယ်မယ်ကို ဂါရဝပြုပါတယ်"

"ထပါ"

"နန်းပြင်မှာ အားလုံးအဆင့်သင့်ဖြစ်နေပါပြီအရှင်"

"ကောင်းပြီ"

ထို့နောက် အရှင်က ကျွန်မရဲ့လက်ကိုဆွဲပြီး အထိန်းတော်ကြီးလမ်းပြရာနောက်လိုက်ပါလာတော့တယ်။

ဒီနေ့က ဂျွန်တိုင်းပြည်ရဲ့ နှစ်စဥ်ကျင်းပနေကျ အမဲလိုက်ပွဲနေ့ပင်။ ဘုရင်၊ မင်းညီမင်းသားများသာမက မူးမတ်၊ အမှုထမ်းများပါ ဆင်နွှဲလေ့ရှိသည့်ပွဲတော်မို့ လူအတော်အသင့်စည်သည်။

ကျွန်မက လမ်းတစ်လျှောက်ကြည့်ရင်းလိုက်ချင်၍ ဝေါယာဥ်မစီးပဲ မြင်းပဲစီးဖို့ရည်ရွယ်ပြီး  ဓါးရေးလေ့ကျင့်လျှင်အရှင်ဝတ်သလို၊ မြင်းစီးရအဆင်ပြေမဲ့ဝတ်ရုံကိုဝတ်ထားတဲ့အပေါ် အရှင်ကမြှောက်ပင့်လို့မဆုံးပေ။ နောက်မှကျွန်မသိလိုက်ရတာက မျက်နှာချိုသွေးနေခြင်းဆိုတာကိုပင်။ ဂျွန်တိုင်းပြည်က နန်းတော်ထဲရှိ မြင်းဇောင်းတွင် အဆင်ပြေသည့်မြင်းမရှိတော့ဟူသောစကားဖြင့် ကျွန်မဟာ အရှင်ရဲ့ မြင်းဖြူကြီးကိုပင် အတူတကွလိုက်ပါစီးနှင်းခဲ့ရသည်။ ကျွန်မကအရှင့်ကိုလှည့်ကြည့်လိုက်တော့ သူဘာမျှမသိသည့်နှယ်။ နောက်မှ 'ကိုယ်တော်ချစ်မိဖုရားလေးသာ ထိခိုက်သွားရင် ဒီကိုယ်တော်ရင်ကျိုးရချည်ရဲ့။ စိတ်မချလို့ပါချစ်မိဖုရားလေးရယ်'ဆိုသည့်စကားဖြင့် ကျွန်မအားစိတ်မဆိုးရက်အောင် ဆိုလေတော့သည်။ အရှင်မသိတာက ကျွန်မကငယ်ကနေ မြင်းဖက်ရင်းကြီးလာတယ်ဆိုတာကိုပင်။ အရှင်ဘယ်သိမလဲ အရှင်သိထားတဲ့ယောင်းက ကျန်းမာရေးချူချာ၍ အနေအေးသည့် ဂင်ချယ်ယောင်းကိုပင်။ သွက်လက်တဲ့ မင်ယောင်းနာကိုမှမဟုတ်ပဲ။ သို့ပင်မဲ့ အရှင့်ရဲ့ဂရုစိုက်မှုနဲ့အချစ်တွေဟာ ကျွန်မဆိုတဲ့ဖြစ်တည်မှုမှာ တည်ရှိနေတာကိုတွေးမိတော့ ကျွန်မပျော်ရပါသည်။ အရှင့်အားလည်း အလွန်တရာမှမြတ်နိုးရပါသည်။

𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete) Hikayelerin yaşadığı yer. Şimdi keşfedin