🔸11🔸

257 31 4
                                    

[Unicode]

နောက်ရက်အနည်းငယ်အတွင်း အားလုံးစောင့်မျှော်နေကြတဲ့ အရှင့်သားမွေးနေ့ တစ်နည်းအားဖြင့် နန်းတက်ပွဲဟာ ကျရောက်လို့လာပေတော့မည်။

မကြာသေးခင်ကပဲ မိဖုရားတင်မြှောက်ကြောင်းအမိန့်စာ ကျွန်မဆီရောက်လာခဲ့တယ်။ ထိုနေ့မှစ အရှင့်သားကလုံခြုံရေးတင်းကြပ်ထားတာမို့ သွားရလာရမလွယ်ကူတော့ပေ။

ခုကျွန်မတစ်နေရာကို အလောတကြီးသွားနေမိတယ်။

"အွန်းလေး"

ဟုတ်ပါတယ်။ ရက်အတော်ကြာမှ အွန်းလေးသတိရလာတယ်လို့ အထိန်းတော်ကြီးအကြောင်းကြားတာကြောင့်ပင်~

"မမလေး"

ဖျော့တော့စွာပြုံးပြလာတဲ့အွန်းလေးကြောင့် ရင်ထဲမကောင်းပေ။ ကိုယ့်မျက်စိရှေ့တင် အရွယ်ရောက်လာတဲ့ကလေးမလား။

"နေရတာဘယ်လိုနေသေးလဲ။ သမားတော်လာသွားပြီလား"

"စိတ်မပူပါနဲ့မမလေးရဲ့။ အွန်းလေးက မမလေးမိဖုရားဖြစ်တာကို ကြည့်အုန်းမှာမို့"

"အဲ့တာဆို အားရှိအောင်နေ အရူးမလေး"

"အွန်းလေးက မမလေးကိုစိုးရိမ်နေခဲ့တာ"

မျက်ဝန်း၌အရည်ကြည်လေးများ လဲ့လာရင်းဆိုနေတဲ့ကလေးမကို ကြည့်မိတယ်။

"အွန်းလေးက ကယ်ခဲ့တာလေ ယောင်းကို။ ယောင်းက တောင်းပန်သင့်တာ။ အွန်းလေးကို ယောင်းသာ မုန့်မကျွေခဲ့ရင်_"

"အဲ့တာမျိုးဘယ်မှာရှိလို့လဲမမလေးရဲ့။ မကြာခင်ပဲ မိဖုရားဖြစ်တော့မယ်။ ဒီအစေခံကိုတောင်းပန်စရာမလိုပါဘူး"

"အမှားလုပ်ထားရင် မည်သူ့ကိုဖြစ်စေ တောင်းပန်ရမှာပေါ့။ ပြီးတော့ နင်ကငါ့ညီမလေးပဲ။ တစ်ခါလေးတောင် အစေခံလို့မတွေးဖူးဘူး"

"အွန်းလေးသိပါတယ်"

"အားရှိအောင် နားလိုက်နော်" သူမရဲ့ခေါင်းလေးကိုဖွဖွလေးပုတ်ရင်း ဆိုလိုက်တော့ ပြန်လည်အိပ်ပျော်သွားတာမို့ ကျွန်မပြုံးမိပါသေးတယ်။
.
.
.
အဆောင်တော်ကိုပြန်ရောက်တော့ ရေနွေးခွက်အောက်က စာလေးတစ်စောင်ကြောင့် ကျွန်မရဲ့နှုတ်ခမ်းထောင့်စွန်းတွေ မြင့်တက်သွားခဲ့တယ်။
ထိုစာဟာ ဆယ်မီ unnieဆီကဖြစ်ပြီး စာထဲပါအကြောင်းအရာများက အဆိပ်လုပ်တဲ့ပညာရှင်ကို တွေ့ပြီဖြစ်ကြောင်း၊ ခန်းမှန်းထားတဲ့အတိုင်း သတ်ဖို့လုပ်တာမို့ ကိုယ့်ဖက်ပါအောင်စည်းရုံးရလွယ်ခဲ့ကြောင့်၊ ထိုလူလုံခြုံတဲ့နေရာမှာရှိနေကြောင်းတို့ပဲပေါ့။

𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete) Where stories live. Discover now