🔹24🔹

185 20 4
                                    

[Unicode]

လွန်ခဲ့သော နှစ်များက••••••

Appaနဲ့အတူ appaမိတ်ဆွေ စစ်သူကြီးအိမ်ကိုလိုက်သွားခဲ့တယ်။ appaပြောတာ အဲ့မှာ ယောင်းလေးနဲ့ရွယ်တူသူငယ်ချင်းရှိတယ်တဲ့။ သူငယ်ချင်းထားလေ့မရှိပင်မဲ့ ဒီတစ်ခါတော့စိတ်လှုပ်ရှားမိသား~

အဲ့အိမ်တော်ကိုရောက်တော့ သခင်ကြီးနဲ့သခင်မကြီးဖြစ်ပုံရတဲ့သူတွေရယ် oppaနဲ့ရွယ်တူလောက် ခပ်ချောချောသခင်လေးတစ်ယောက်ရယ်က ခရီးဦးကြိုပြုတယ်။ appaပြောတော့ ယောင်းလေးသူငယ်ချင်းရှိတယ်ဆို ...

စကားလက်ဆုံကျနေတဲ့သခင်ကြီးဂင်က မင်မိန်းကလေးနှုတ်ခမ်းဆူနေတာကိုသတိထားမိပုံ_

"မင်လေး ဟိုဖက်ဆောင်မှာ သူငယ်ချင်းရှိတယ်။ သွားတွေ့မလား" လို့ဆိုလာတယ်။

ငြိမ်ငြိမ်နေရတာမကြိုက်တဲ့ မင်မိန်းကလေးအတွက်တော့ ထိုအရာဟာအခွင့်ကောင်းပေ။

"ဟုတ် သခင်ကြီး။ သူကဘာလို့ ဒီကိုမလာတာလဲ"

"သခင်မလေးဂင်က ကျန်းမာရေးမကောင်းဘူးယောင်းလေးရဲ့။ အဲ့တာကြောင့် ယောင်းလေးက သွားတွေ့လိုက်နော်"

မိခင်ဖြစ်သူ သခင်မကြီးမင်၏အပြောနောက် ထိုကလေးမလေးဟာ စဥ်းစားနေပုံ...

"Naeယောင်းလေးသွားတွေ့လိုက်ပါ့မယ်"
.
.
.

ယောင်းလေးလည်း မင်ဂျောင်းနဲ့အတူထွက်လာလိုက်တယ်။ တစ်နေရာအရောက် ချည်ထိုင်ထိုးနေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်တော့ ယောင်လေးနှုတ်ခမ်းဆူမိသွားတယ်။

သူမပျင်းဘူးလားမသိဘူး~

"Annyeonghaseyo နင်က သခင်မလေးဂင်လား"

ယောင်းလေးပြေးသွားပြီးမေးလိုက်တော့ သူမကလန့်သွားပုံ။

"အွ_အွန်း နင်_နင်က သခင်မလေးမင်လား"

(ဒီမှာသခင်မလေးနောက်မှာ မျိုးရိုးနာမည်တွေထည့်ခေါ်တာပါနော်။ ကောင်မလေးနှစ်ယောက် nameကိုမှတ်မိရဲ့လား။ မမှတ်မိရင် ရှေ့အပိုင်းတွေမှာပြန်ရှာကြည့်🤭)

"အွန်း ငါ့နာမည်က မင်ယောင်းနာ မင်မျိုးနွယ် ယောင်းနာ။ ငါ့ရဲ့ appaက ပညာရေးအမတ်မင်လေ"

𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete) Donde viven las historias. Descúbrelo ahora