🔸3🔸

282 32 2
                                    

[Unicode]

ဒီနေ့ ကြင်ယာရွေးပွဲစတင်တဲ့နေ့။ သို့ပင်မဲ့ လူသိပ်မစည်ကားပေ။ များသောအားဖြင့်က အမတ်ချုပ်ကြီးကြောင့် ဝင်ရွေးမခံကြခြင်းဖြစ်သည်။ အိမ်တော်မှာစောင့်နေတဲ့ဝေါယာဥ်ကိုစီးပြီး အွန်းလေးနဲ့အတူနန်းတော်ကိုလာခဲ့လိုက်တယ်။ ဝေါယာဥ်က နန်တော်ရှေ့မှာရပ်ပေးတာမို့ မျက်နှာပုဝါအုပ်ပြီး အွန်းလေးနဲ့အတူနန်းတော်ထဲဝင်ပြီး သတ်မှတ်ထားတဲ့နေရာကို သွားရန်ပြင်လိုက်တယ်။

ရုတ်တရက် ရှေ့မှာလာပိတ်ရပ်တဲ့လူတစ်ဦး အတိအကျအားဖြင့်လူသုံးဦးကြောင့် ရပ်တန့်သွားရတယ်။ ကိုယ့်ရှေ့မှာရပ်နေတဲ့သူကို မော့ကြည့်လိုက်မိတော့ ဖြူဖွေးတဲ့အသားအရည်၊ တည်ကြည်တဲ့မျက်နှာထားနဲ့ နက်မှောင်တောက်ပ့နေတဲ့မျက်ဆံတို့ကိုပိုင်ဆိုင်ထားတဲ့ လူတစ်ဦးပင်။

"အော်ဟော် အိမ်ရှေ့စံကို ဂါရဝပြုစမ်း"

အထိန်းတော်လို့ထင်ရတဲ့ လူကြီးရဲ့ ဆိုစကားကိုကြားမှ ထိုအမျိုးသားဝတ်ထားတဲ့ နဂါးရုံဝတ်ရုံကိုမြင်လိုက်ရတယ်။ ခုဏက မျက်ဝန်းဝိုင်းလေးတွေရဲ့ ညှို့ယူမှုကြောင့် ဘာကိုမှသတိမထားလိုက်မိဘူး။

"အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်"

ကိုယ့်ဘက်ကကိုယ်ကိုကိုင်းပြီး ဂါရဝပြုလိုက်ပင်မဲ့ အိမ်ရှေ့စံမင်းသားဆီက ဘာအသံမှထွက်မလာတာမို့ ခေါင်းကိုမော့လို့မရသေးပေ။ သူ့ကိုစိုက်ကြည့်လို့ အမျက်တော်ရှသွားတာများလား~

"အရှင့်သား"

ကိုယ်ရံတော်တပ်မှူးလို့ထင်ရတဲ့သူရဲ့ အသံကိုကြားမှ အရှင့်သားဆီက စကားသံထွက်လာတယ်။

"အဟမ်-ထပါ။ မယ်မင်းကဘယ်သူလဲ"

"ဂင်မျိုးနွယ် ချယ်ယောင်း လို့ခေါ်ပါတယ် အရှင့်သား။ စစ်သူကြီးဂင်ရဲ့ သမီးတော်ပါ"

ထပ်မံ၍တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်သည်။ အခုန်မြန်နေတဲ့နှလုံးကြောင့် အသက်ကိုမသိမသာ ပြင်းပြင်းရှူထုတ်လိုက်တယ်။

"အရှင့်သား ညီလာခံနောက်ကျပါတော့မယ်"

"အွန်း။ သွားကြတာပေါ့"

𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete) Donde viven las historias. Descúbrelo ahora