🔸25🔸

165 25 9
                                    

[Unicode]

  လေပြေလေးတွေတိုက်ခတ်နေတဲ့ ရေကန်လေးဘေးမှာရပ်နေတဲ့ အတွေးထဲရောက်နေသော ကောင်မလေးတစ်ဦး။ သက်ပြင်းအကြိမ်ကြိမ်ချနေမှုကြောင့် သူမစိတ်မသက်မသာဖြစ်နေကြောင်းသိသာလှပေသည်။ ခဏအကြာ သူမအနားရောက်လာတဲ့ ချောမောခန့်ညားတဲ့ အမျိုးသားတစ်ဦး။ သူမကတော့သတိမထားမိပေ။

"ကြင်ယာတော်"

ဟုန်းတစ်ယောက်ကြားလိုက်ရတဲ့အသံကြောင့် အတွေးထဲမှထွက်လာခဲ့တယ်။ သူမ မမှားနိုင်တာ ဒါထိုလူသားရဲ့အသံပင်။ မတွေ့ရတာကြာပြီဖြစ်တဲ့ ရက်စက်လှတဲ့ချစ်ဦးသူရဲ့အသံပင်။

"စစ်သူကြီးဂင် ဘာအရေးကိစ္စများရှိလို့လဲ"

"ယောင်းဆီကနေကြားတယ် .... "

"အိမ်တော်ပြန်ဖို့ကိစ္စလား ဒါမှမဟုတ် ဖခင်အရင်ကိစ္စလား"

ဟုတ်သည်။ ထိုဖခင်အရင်းကိစ္စကို ယောင်းကိုပြောပြခဲ့သူမှာသူမကိုယ်တိုင်ပင်။ ယခုလည်း အမတ်ချုပ်ကြီးဆီကနေသူမမလွတ်မြောက်နိုင်တော့ဘူးလားဆိုတာ တွေးမိနေခြင်းပင်။

"နှစ်ခုလုံးပါ.......ကိုယ်မကြာခင် နယ်စပ်ကိုသွားစရာရှိတယ်။ ပြန်လာရင် မင်းကြီးဆီကနေ ကောင်းချီးခံယူမယ် မင်းနဲ့အတူ ... "

"အဟက် .... ကျွန်မအမတ်ချုပ်ကြီးလက်ထဲကလွတ်မြောက်ဖို့အတွက်နဲ့ ရှင့်ကိုရှင်စတေးဖို့မလိုပါဘူး...

"မြတ်နိုးခဲ့ပါတယ် အားညီး မြတ်နိုးမြဲပါ။ မိန်းကလေးဟုန်းအနေနဲ့ကတည်းက ကိုယ်ကိုမိန်းကလေးဟုန်းမမြင်ဖူးခင်ကတည်းက ချစ်မြတ်နိုးခဲ့ရတာပါ။ ပြောင်းလဲသွားတဲ့အခြေအနေတစ်ချို့ကြောင့် ...... "

စကားမဆုံးခင်ရင်ခွင်ထဲပြေးဝင်လာတဲ့သူမလေးကြောင့် ပြန်လည်ဖက်တွယ်ထားလိုက်မိတယ်။ ခဏအကြာပြန်ခွာလိုက်ပြီး သူမမျက်နှာထက်က အရည်ကြည်လေးများကို ဖယ်ရှားပေးလိုက်တယ်။

"ကိုယ့်ကိုစောင့်နေမယ်မလားဟင်"

"အွန်း ... အဲ့တာကြောင့် မြန်မြန်ပြန်လာခဲ့"

"အမိန့်တော်အတိုင်းပါခင်ဗျာ .... "

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete) Donde viven las historias. Descúbrelo ahora