🔹22🔹

156 25 0
                                    

[Unicode]

"မင်းကြီးကိုဂါရဝပြုပါတယ်"

ထိုအခါမှ မင်းကြီးဟာလှည့်ကြည့်လို့လာတယ်။

"အဖွားမာဆိုတာ မယ်မင်းလား"

"Nae"

"ဒါဆို မယ်မင်းလျှောက်တင်ကြည့်။ ဘာလို့ မိဖုရားက မနိုးသေးတာလဲ"

စိုးရိမ်ကြီးစွာကြည့်နေတဲ့မင်းကြီးကိုကြည့်၍ သူမလည်းစိတ်မကောင်းဖြစ်မိပါသည်။

"ခေါင်းဆောင်က_ခေါင်းဆောင်က ဝိဥာဏ်ပိတ်အစီအစဥ်မိနေတာပါ မင်းကြီး"

"ဘာလုပ်ရမလဲ။ မိဖုရားပြန်သတိရလာဖို့ ဘာလုပ်ရမလဲ ကိုယ်တော်ကိုပြော"

"တစ်နည်းတော့ရှိပါတယ် မင်းကြီး.......... လိုက်ခေါ်ရပါမယ်။ ခေါင်ဆောင်ကအစီအရင်ကြောင့် ခန္ဓာကိုမမှတ်မိတော့ပါဘူး"

"အခုပဲလုပ်တာပေါ့"

"မဖြစ်ပါဘူးအရှင်မင်းကြီး"

အရှင်နဲ့အဖွားမာတို့ရဲ့အပြောကြောင့် ဂိုလေးစိုးထိပ်စွာတားလိုက်တယ်။

"ဂိုလေး မောင်မင်းဝင်မပါနဲ့။
ဘာတွေလိုအပ်လဲဆိုတာပြောပါ"

"ခေါင်းဆောင်ကို ကိုယ်တိုင်လိုက်ရှာရမှာပါ။ စိုးရိမ်စရာ၂ခုရှိပါတယ်။ ခေါင်းဆောင်ရဲ့မီးအိမ်မငြိမ်းခင် ခန္ဓာဆီပြန်ရောက်မှဖြစ်ပါမယ်။ နောက်တစ်ခုက....... ခေါင်းဆောင်လက်လျော့ပြီး တမလွန်တံတားကိုဖြတ်မသွားမိဖို့ပါ"

ဂျောင်းဂုရဲ့ရင်ထဲမှာ ဘာကိုမှရှည်ရှည်ဝေးဝေးမတွေးနိုင်ပါ။ ရင်တွေပူလွန်းလှတာကြောင့် အန္တရာယ်များတဲ့အရာကိုလုပ်ခဲ့တဲ့သူမကို စိတ်ဆိုးရမလားလို့တွေးမိပြန်သော်လည်း သူမကိုအန္တရာယ်အတွင်းပို့ခဲ့တဲ့ ကိုယ့်ကိုကိုယ်သာ ပိုလို့ဒေါသထွက်မိသည်။

"ဖြတ်သွားရင်ဘာဖြစ်နိုင်သလဲ"

"ဒီဘဝနဲ့မသက်ဆိုင်တော့တာဖြစ်သွားနိုင်ပါတယ်"

ထိုစကားကြောင့် ဂျောင်းဂုရဲ့တွေးခေါ်နိုင်စွမ်းတွေက အလုပ်မလုပ်တော့ပါ။ သူမသာမရှိတော့ရင်ဆိုတဲ့အတွေးလေးကတောင် သူ့ကိုအသက်ရှူမရဖြစ်စေတယ်။ ကိုယ်အရောက်လာခဲ့မှာမို့ ကျေးဇူးပြုပြီးလက်မလျော့လိုက်ပါနဲ့လားအချစ်ရယ်~~~~

𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete) Où les histoires vivent. Découvrez maintenant