[Unicode]
ညီလာခံတွင်~
"မြေခွန်ကို အတည်ပြုဖို့ အိမ်ရှေ့စံရဲ့အဆိုကို ငါကိုယ်တော်မြတ် သဘောကျတယ်"
"မဖြစ်ပါဘူး အရှင်မင်းကြီး။ ပြည်သူတွေကို အခွန်တိုးကောက်တာဟာ ဆူပူမှုကိုဖြစ်စေပါတယ်"
"ပြန်လည်စဥ်းစားပေးတော်မူပါ မင်းကြီး"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"ကြင်ယာတော်ဂင်.. စစ်သူကြီးဂင် အခစားဝင်ပါတယ်"
"ဝင်ခဲ့ခိုင်းလိုက်ပါ"
"ကြင်ယာတော်ဂင်ကို ဂါရဝပြုပါတယ်"
"ထပါ။ Arpunieတို့ ကျန်းမာကြတယ်မလား"
"Nae"
"သက်တောင့်သက်သာပြောပါ Arpunie"
"အိမ်သူက ညီလာခံပြီးရင် သမီးလေးဆီ ဝင်ခဲ့ခိုင်းနေတာ။ စိတ်ပူနေလို့လေ"
"😄😄 ယောင်းအစစအရာရာအဆင်ပြေတာမို့ စိတ်မပူဖို့ပြောပေးပါ Arpunie"
"Nae"
"အကိုတော်ကော အဆင်ပြေရဲ့လား"
"နယ်စပ်ဘက်မှာစစ်သူကြီးလုပ်နေရပင်မဲ့ အဆင်ပြေနေပုံပဲ။ သဘောကျတဲ့အလုပ်ဆိုတော့"
"ဟုတ်မှာ။ ပြန်လာရင်လည်း ယောင်းဆီလာခိုင်းလိုက်ပါအုံး။ တစ်ယောက်တည်းရှိတဲ့ညီမလေးကို ပစ်ထားလိုက်တာ"
"သမီးအကိုတော်က ပြန်တောင်လာပါ့မလား"
"😄😄ဟုတ်ပါရဲ့"
"အရှင့်သားနဲ့ အဆင်ပြေတယ်မလား သမီးတော်"
"အရှင့်သားက လူကောင်းတစ်ယောက်ပါ"
ကျွန်မအပြောကိုထောက်ခံတဲ့အနေနဲ့ Arpunieက ခေါင်းညိမ့်တယ်။
"ညီလာခံမှာကော အဆင်ပြေခဲ့တယ်မလား Arpunie"
ထိုအခါ Arpunieပြောပြတာကြောင့် ညီလာခံမှာဖြစ်ခဲ့သမျှကို ကျွန်မသိလိုက်ရတယ်။
စရိတ်တွေတက်လာတဲ့မြေသြဇာကြောင့် လယ်သမားတွေဟာ လယ်ယာမဲ့တွေဖြစ်ကုန်လို့ မြေပိုင်တွေဆီမှာပဲအလုပ်သမားအဖြစ်ရောက်လာတယ်။ ထိုသို့အလုပ်သမားတွေအပေါ် ထိုက်သင့်တဲ့လုပ်အားခရရန်နဲ့ ခက်ခဲနေသောပြည်သူများကိုထောက်ပံ့နိုင်ဖို့ နိုင်ငံဘဏ္ဍာဖြည့်ရမည်ဖြစ်၍မြေပိုင်များအားအခွန်ကောက်ခံရန် အချက်နှစ်ချက်အတွက် မြေခွန်ဥပဒေကို အရှင့်သားကရေးဆွဲခဲ့တယ်။
ESTÁS LEYENDO
𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete)