🔸21🔸

161 20 2
                                    

(Unicode)


*အကောင်းနဲ့အဆိုးဒွန်တွဲလျှက်ရှိတာ လောကဓမ္မတာပင်။ ကျွန်မဘဝမှာ အလှည့်အပြောင်းများစွာကို ကြုံတွေ့ရသည့်အချိန်ကတည်းက မည်သို့သောတောင်းဆုကိုမှ မပြုခဲ့ဖူးပေ။ ဤလူသားမရှိလျှင်မဖြစ်တော့ပါ။ ထို့ကြောင့် ကျွန်မတောင်းဆုတစ်ခုပြုပါတယ်။ ဤလူသားကို ကျွန်မဆီကနေ ခေါ်ထုတ်မသွားပါနဲ့။ ကျေးဇူးပြုပြီးဤလူသားကို ကျွန်မဆီပြန်ပို့ပေးပါ။ ဒီတစ်ခုတည်းသောတောင်းဆုလေးကို ဖြည့်စည်းပေးပါ။ ဤလူသားကို အရာအားလုံးထက် မြတ်နိုးရပါသည်။ ကျွန်မရဲ့စစ်မှန်တဲ့မေတ္တာတရားတွေကြောင့် ဘေးအန္တရာယ်အပေါင်းမှ ဤလူသားလွတ်မြှောက်ပါစေသား~~~*

"အဆင်သင့်ဖြစ်ပါပြီခေါင်းဆောင်"

"အွန်း"

"ခေါင်းဆောင် အဖွားမှာတာတွေကိုမမေ့ပါနဲ့။ ဒီလက်ပတ်လေးကို ဝတ်ထားလိုက်ပါ။ အသုံးဝင်ပါလိမ့်မယ်"

အဖွားမာဟာ ကျွန်မလက်ပေါ် ချည်ငင်ထားတဲ့လက်ပတ်ကြိုးလေးတစ်ခုကိုဆင်ပေးရင်း ဆိုလာတယ်။

"စိတ်ချပါ အဖွားမာ"

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

မြူနှင်းတွေလား မီးခိုးတွေလားမသိပင်မဲ့ ထိုအရာတွေကြောင့် ကျွန်မပတ်ဝန်းကျင်ကိုကောင်းစွာမမြင်ရပေ။ ရုတ်တရက် ကျွန်မလက်ထဲမှာ ဖယောင်းတိုင်မီးအိမ်လေးတစ်ခုပေါ်လာတယ်။ အဖွားမာက ထိုမီးအိမ်လေးမငြိမ်းခင် ပြန်လာရန်မှာလိုက်သေးသည်။ ယခုတော့မီးအိမ်လေးအကူအညီဖြင့် ကျွန်မပတ်ဝန်းကျင်ဟာ တဖြည်းဖြည်းရှင်းလင်းလာတယ်။

ကျွန်မရောက်ရှိနေသည်မှာ နန်းတော်ထဲမှာပင်။ အမှောင်ထောင့်တစ်ချို့တွင် ဝတ်ရုံမျိုးစုံဖြင့် ကျွန်မအားလှမ်းကြည့်နေကျတဲ့ သာမန်ရုပ်ရည်နဲ့လူအချို့ကိုတွေ့လိုက်ရတယ်။ အမှန်တော့ထိုလူတွေကြည့်နေတာ ကျွန်မကိုမဟုတ်ပဲ ကျွန်မလက်ထဲက မီးအိမ်လေးကိုပင်။ သို့သော် ထိုသူတို့သည်ကျွန်မအနားကပ်မလာပေ။ ဖြစ်နိုင်သည်မှာ ကျွန်မရဲ့လက်ကောက်ဝတ်၌ရှိတဲ့ ရွှေရောင်တောက်နေသည့် အဖွားမာဆင်ပေးလိုက်သည့်လက်ကောက်လေးကြောင့်ဖြစ်နိုင်သည်။

𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete) Место, где живут истории. Откройте их для себя