🔸13🔸

226 24 9
                                    

[Unicode]

ဘုရင့်အထိန်းတော်နှင့် ကိုယ်ရံတော်တို့မှာ ဘုရင့်နန်းဆောင်မှာမဟုတ်ပဲ မိဖုရားခေါင်နန်းဆောင်မှာ တည်ရှိနေခဲ့ရတာ ရက်အတော်ကြာပြီပင်။

"အရှင် ဘုရင့်နန်းဆောင်ကို ပြန်မကြွတော့ဘူးလား"

"ယောင်းမှမလိုက်တာ။ ကိုယ်တော်က ယောင်းရှိတဲ့နန်းဆောင်မှာ နေမှာ"

"နောက်မှ လာတွေ့လို့ရတာပဲ"

"အခုကိုယ်တော်ကို နှင်လွှတ်နေတာလား"

"အဲ့လိုမဟုတ်တာ အရှင်သိရဲ့သားနဲ့"

"ဟူး~ ဒီဘုရင်က ချစ်မိဖုရားလေးနဲ့ အတူရှိချင်လို့ဟာ~~~"

နှုတ်ခမ်းကြီးထော်ပြီးပြောနေတဲ့ အကြင်လူသားဟာ ဂျွန်တိုင်ပြည်ရဲ့ပြည့်ရှင်မင်းကြီးတဲ့ ယောတောဘွန်းတို့ရေ~

"Nae_nae အရှင့်အတွက် အခက်အခဲမရှိရင် ရပါပြီ"

"ထားပါ။ ကိုယ်တော် ယောင်းကိုခေါ်သွားစရာနေရာရှိတယ်။ နန်းပြင်ကို။ ဝတ်ရုံလဲကြတာပေါ့"

နှစ်ဦးလုံးသခင်လေးဝတ်စုံဝတ်ပြီး ဘယ်သူမှမသိအောင် နန်းပြင်ကိုထွက်လာကြတယ်။ သေချာပေါက် အရှင်ကိုယ်ရံတော်တွေကတော့ တိတ်တဆိတ်ပါလာကြမှာပင်~

အရှင်ဟာမြို့ပြင်ကိုဦးတည်သွားနေတာပင်။ မြို့ပြင်ကိုရောက်တော့ မြင်းတစ်ကောင်နဲ့စောင့်နေတဲ့လူတစ်ဦးကိုတွေ့လိုက်ရတယ်။ ကျွန်မကို မြင်းပေါ်တင်ပေးပြီး အရှင်ကနောက်ကနေတက်လိုက်တယ်။ ထို့နောက်မြင်းဟာတဟုန်တိုးပြေးထွက်သွားတော့တယ်။ အတော့်အသင့်လှမ်းတဲ့နေရာကိုရောက်မှ အရှင်ကမြင်ပေါ်ကဆင်းပြီး ကျွန်မကိုပါချပေးတယ်။

"ဒီကနေ နည်းနည်းလောက်လမ်းလျှောက်ရမယ်။ အဆင်ပြေတယ်မလား"

"Nae"

ကျွန်မတို့သွားနေတဲ့နေရာသည် လူလုံးဝမရှိဘူးလိုပင်ထင်မိသည်။ လမ်းလည်းမရှိသလို တောသံများမှလွဲ၍မည်သည့်အသံမှလည်းမကြားရပေ။ တဖြည်းဖြည်းနဲ့မှ အသံတစ်ချို့ဝေဝါးစွာ ကြားလိုက်ရတယ်။ နီးလာလေ ပိုရှင်းလင်းစွာကြားလာရလေဖြစ်တယ်။

𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete) Where stories live. Discover now