🔹20🔹

173 26 4
                                    

[Unicode]

အဖွားမာနဲ့တွေ့ပြီး နန်းတော်ပြန်ဖို့လုပ်လိုက်ပင်မဲ့ ကိစ္စတစ်ခုကိုစဥ်းစားမိလိုက်တာမို့ ဆယ်မီ unnieကိုသွားတွေ့လိုက်တယ်။

"ရောက်လာပြီလား။ ချက်ချင်းနန်းတော်ပြန်မယ်ထင်နေတာ"

"အွန်း။ တစ်ခါတည်း ဟိုလူကိုတွေ့သွားမလို့။ အခုထိဘာမှမပြောဘူးလား"

"Nae"

"သွားတွေ့ကြတာပေါ့"
.
.
.
တည်ကြည်စွာထိုင်နေသော လူကြီးတစ်ဦးရှေ့ ကျွန်မဝင်ထိုင်လိုက်တယ်။ ထိုလူဟာ ကျွန်မမိခဲ့တဲ့ အဆိပ်ရဲ့ ဖော်စပ်သူပင်။ သို့ပင်မဲ့ထိုလူ့ကိုမြင်လိုက်ရချိန်မှာ ကျွန်မအံ့သြသွားခဲ့ရတယ်။

"ဦးလေးကြီးဒုန်း_ဟုတ်တယ်မလား"

ကျွန်မရဲ့အပြောကိုကြားတော့ ထိုလူကြီး၏မျက်နှာဟာ အံ့သြမှုများဖြင့်ပြည့်နက်သွားတယ်။

"မင်း_မင်းဘယ်သူလဲ!!"

"ဦးလေးကြီးက သစ္စာဖောက်ခဲ့တာလား!!!"

ထိုလူဟာ appaယုံကြည်အားကိုးရတဲ့ မင်အိမ်တော်ရဲ့ အိမ်တော်ထိန်းဖြစ်နေခဲ့လို့ပင်။

"မင်းဘယ်သူလဲလို့!!"

"သခင်မလေးလို့ တစ်ချိန်လုံး ချစ်မြတ်နိုးစွာခေါ်ခဲ့ပြီး မမှတ်မိတော့ဘူးလား!!!"

"သ_သခင်မလေး!! တကယ်ပဲ သခင်မလေးလား!!!"

"အားလုံးသိနေတယ်မလား။ မင်မိသားစုကိစ္စအစ မိဖုရားခေါင်အဆိပ်ခတ်ခံရတာအထိ"

ထိုအခါ ထိုလူဆီက သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရတယ်။

"အခုသခင်မလေးသိဖို့အချိန်ရောက်ပြီပဲ......"

"ဘာလို့လဲ? ဘာအကြောင်းကြောင့် အဲ့လိုလုပ်ရတာတဲ့လဲ"

"ကျွန်တော်မျိုး အသေးစိတ်မသိပင်မဲ့ နန်းတော်ကနတ်ဆရာမက လက်ရှိမင်းကြီး သက်တော်၁၀နှစ်တုန်းက လျှို့ဝှက်စွာနမိတ်တစ်ခုဖတ်ခဲ့ပြီး ထိုနမိတ်ကို အမတ်ချုပ်ကြီးတို့ သိသွားခဲ့ပါတယ်။
နောက်တော့ သူတို့ကဇာတာရှင်တစ်ဦးကို လိုက်ရှာခဲ့ပြီး သတ်ဖို့လုပ်ခဲ့ကြပါတယ်"

𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete) Hikayelerin yaşadığı yer. Şimdi keşfedin