🔹8🔹

216 27 2
                                    

[Unicode]

အချိန်တွေ တဖြည်းဖြည်းနဲ့ ကုန်လွန်လာခဲ့တာ အရှင့်သားမွေးနေ့ရောက်ဖို့ပင် သိပ်မလိုတော့~

အရိပ်ကော အဆင်မှပြေရဲ့လား...... ကျွန်မက သံယောဇဥ်တွေများလို့မဖြစ်ဘူးဆိုတာသိပင်မဲ့ မသိစိတ်ကနေ တော်တော်များများအပေါ်သံယောဇဥ်တွယ်မိပြီ။ အရှင့်သားအပါအဝင်ပေါ့။ ကျွန်မမဟုတ်တဲ့ကျွန်မအနေနဲ့ ရှိနေတာမှန်း အရှင့်သားသိသွားရင် ခွင့်လွှတ်နိုင်ပါ့မလား။ အရှင့်သားခွင့်လွှတ်တောင် ကျွန်မရဲ့အပြစ်က မလွတ်နိုင်ပေ။ အဲ့တာကြောင့် အရှင့်သားကို ခံစားချက်တွေ မဖွင့်ပြောနိုင်ခဲ့ဘူး။ ဘာတွေဖြစ်လာမယ်မသိပင်မဲ့ ကျွန်မတည်ရှိခွင့်ရနေသ၍ အရှင့်သားအတွက်အကောင်းဆုံးပါရမီဖြည့်ပေးမှာပါ~~~

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

"ဟန်းမျိုးနွယ်စုက အင်အားဘယ်လောက်ရှိသလဲ"

"ကျွန်တော်မျိုးတို့လောက် အင်အားမရှိပင်မဲ့ အင်အားကြီးတာမို့ တကယ်လို့များတိုက်ပွဲဖြစ်ခဲ့ရင် နှစ်ဖက်လုံးထိခိုက်မှုများနိုင်ပါတယ် မင်းကြီး"

"သံတမန်လွှတ်ပြီး မဟာမိတ်ဖွဲ့တာအကောင်းဆုံးနည်းလမ်းပါ မင်းကြီး"

"ကောင်းပြီ။ တိုင်းပြည်ရေးရာအမတ် သွားဖို့ပြင်လိုက်ပါ"

" nae မင်းကြီး"

ထိုစဥ် အမတ်ချုပ်ကြီးထံမှ အသံထွက်လာတယ်။

"မင်းကြီး မကြာမီ အိမ်ရှေ့စံမင်းသားရဲ့ နန်းတက်ပွဲရောက်တော့မှာပါ။ ဒီတိုင်းနန်တက်မဲ့အစား ပြည်သူတွေရဲ့ထောက်ခံမှုပါ ရအောင်ယူသင့်တယ်လို့ ကျွန်တော်မျိုးထင်ပါတယ်"

"ဆက်လက်လျှောက်တင်ပါ"

"အဲ့တာကြောင့် သံတမန်အနေနဲ့ အိမ်ရှေ့စံမင်းသားကို လွှတ်သင့်ပါတယ် မင်းကြီး"

"အိမ်ရှေ့စံကော ဘယ်လိုထင်လဲ"

"သားတော်သွားလိုက်ပါ့မယ်မင်းကြီး"

"ကောင်းပြီ"

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"သားတော်ကို လွှတ်မှဖြစ်မှာလားမင်းကြီး။ ကျွန်တော်မျိုးမ စိတ်မချဘူး"

𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete) Donde viven las historias. Descúbrelo ahora