[Unicode]
ရှေ့မှ ကပြဖျော်ဖြေနေတာကိုကြည့်ရင်း လူကမူးရိပ်တက်လာတယ်။ ရှေ့ကိုကောင်းစွာမမြင်ရတော့ပေ။
*ဝေါ့*
အန်ချလိုက်မိတဲ့နီနီအရည်တွေ။ နောက်ဆုံးကျွန်မကြားလိုက်ရတာ အရှင့်သားရဲ့ စိုးရိမ်ကြီးစွာခေါ်သံကိုပင်~
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"မယ်မယ်က အဆိပ်မိထားတာပါအရှင်မင်းကြီး။ ယခုစိုးရိမ်စရာမရှိတော့ပါဘူး။ အားနည်းသွားလို့ အိပ်ပျော်နေယုံပါမင်းကြီး"
"ဘယ်လိုအဆိပ်မျိုးလည်း သမားတော်ကြီး"
"သာမန်အဆိပ်ပါမင်းကြီး။ ကျွန်တော်မျိုးခန့်မှန်းချေအရ အဆိပ်က မယ်မယ့်အသက်ထက် မယ့်မယ့်သားအိမ်ကို ထိခိုက်စေချင်ပုံရပါတယ်။ ဒီအဆိပ်က ပုံမှန်ဆို ယခုလိုလက္ခဏာမပြတတ်ပါဘူး။ မယ်မယ်က ယခင်ပန်းမဲအဆိပ်ကို အောင်နိုင်ထားတဲ့သွေးဖြစ်နေတာကြောင့် အဆိပ်မတိုးနိုင်တော့ပဲ သွေးအချို့နဲ့အတူ အဆိပ်တွေအန်မိတာပါ။ ပန်းမဲအဆိပ်ကအာနိသင်ပြင်းပင်မဲ့ ထိုအဆိပ်ကိုမှအောင်နိုင်သွားရင် တော်ရုံအဆိပ်မတိုးနိုင်တော့တဲ့အာနိသင်လည်းရှိပါတယ်အရှင်မင်းကြီး။ ထိုအာနိသင်ကို အဆိပ်ဖော်ထုတ်သူက တမင်မပျက်ပြယ်အောင် လုပ်ခဲ့တာလို့ ကျွန်တော်မျိုးထင်ပါတယ်"
".............ရာဇဝတ်မှူး စားဖိုဆောင်တစ်ခုလုံးကို စစ်ဆေးစမ်း။ ယခုတစ်ခေါက်တော့အလွတ်မပေးနိုင်ဘူး"
"အမိန့်တော်အတိုင်းပါမင်းကြီး"
ဘုရင့်နန်းဆောင်ထဲ ဘုရင့်အိပ်ရာပေါ်တွင် မိဖုရားတစ်ပါးကို တင်ထားခြင်းဟာ မသင့်တော်ပင်မဲ့ ခေါင်နဲ့ကိုယ်မကွဲချင်တာကြောင့် မည်သူမျှ သတိမပေးရဲ့ပေ~
အိပ်ရာထက်မိဖုရားခေါင်မယ်မယ်ကတော့ အဆောင်အယောင်များဖယ်ပေးထားတာမို့ ဝတ်ရုံအဖြူရောင်လေးနဲ့ အေးချမ်းစွာအိပ်စက်လို့နေတယ်။
အရှင်မင်းကြီးဟာ ညဥ့်နက်ချိန်ထိ ချစ်ရသူမိဖုရားရဲ့ လက်ကိုဆုတ်ကိုင်ရင်း စက်တော်ခေါ်တော်မမူနိုင်သေးပေ။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
မင်းကြီးနဲ့သမားတော်ကြီးတို့ပြောနေတာတွေ ကျွန်မကြားနေရပင်မဲ့ မျက်ခွံများကလေးလံလို့နေခဲ့တယ်။ ထို့ကြောင့်ကျွန်မ ပြန်လည်အိပ်ပျော်လို့သွားခဲ့တယ်။
ESTÁS LEYENDO
𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete)