[ Unicode ]
"မိဖုရားရဲ့နန်းဆောင်မှာ မိဖုရားကိုစောင့်ကြည့်နေဖို့ သခင်ကြီးမှာလိုက်ပါတယ်"
သူမဆီကိုရောက်လာတဲ့ အမတ်ချုပ်ကြီးရဲ့လူယုံတော်အပြောကြောင့် မိဖုရားနန်းဆောင်ဆီဦးတည်လိုက်တယ်။ အတတ်နိုင်ဆုံးမသိသာအောင်ကြိုးစားနေပင်မဲ့ စိတ်ထဲမှာတော့ နည်းနည်းလေးမှအဆင်မပြေပေ။ တိုင်းတစ်ပါးကိုဦးဆောင်စစ်တိုက်နေရတဲ့ ချစ်ရသူကိုလည်း စိတ်ပူမိသလို နန်းတွင်းမှာဖြစ်လာမဲ့အရေးကိုကြိုတွေးကာလည်း စိတ်ထဲလေးလံလို့နေတော့တယ်။ သို့သော် တတ်နိုင်တာမရှိသူမို့ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်တတ်နိုင်သမျှကြိုးစားမှာပါ။
"စိတ်မပူပါနဲ့။ အရာရာအဆင်ပြေသွားမှာပါ"
အေးချမ်းတဲ့အပြုံးလေးနဲ့ ဆိုလာတဲ့ ယောင်းကိုကြည့်ရင်း သူမယောင်းကိုအားကျမိပါသည်။ သူမလိုမဟုတ်ပဲ ယောင်းဟာရင့်ကျက်ပြီးတည်ငြိမ်တယ်။ ဖြစ်သမျှကိုခေါင်းအေးအေးထားဖြေရှင်းတတ်သလို သတ္တိလည်းရှိသေးတယ်။ ယောင်းနဲ့ခင်မင်ခွင့်ရတာဟာ သူမဘဝရဲ့အကောင်းဆုံးဆုလာဒ်ပင်။ ဒါ့ကြောင့် ယောင်းနဲ့ကလေးလေးကို သူမတတ်နိုင်သမျှဂရုစိုက်မယ်လို့ စိတ်ထဲကနေကတိပေးလိုက်တယ် .......
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
ဟုန်းကိုကျွန်မဆီပို့လိုက်တာကိုကြည့်ရင် အမတ်ချုပ်ကြီးက အစီအစဥ်တွေကို ယနေ့စတင်လောက်ပေမယ်။ ဟုန်းကြောက်မှာစိုး၍မပြောပင်မဲ့ ဟုန်းနဲ့ကျွန်မကိုတစ်နေရာတည်းနေခိုင်းတာဟာ နှစ်ဦးလုံးကိုတစ်ခါတည်းရှင်းပစ်ရန်ရည်ရွယ်ထားပုံရတယ်။ အတွေးမှမဆုံးသေး အပြင်ဖက်မှာဆူညံသံအချို့ထွက်လာတယ်။
ဒုန်း
"ခေါင်းဆောင် ရှင်းပါပြီ"
ဝင်လာတဲ့ဆယ်မီ unnieက အပြင်ကလူတွေကိုရှင်းပြီးသွားပေပြီ။
"အွန်း။ ဟုန်းနဲ့အွန်းလေး...."
"Nae"
ကျွန်မအပြင်ရောက်တော့ ဓားကိုင်ထားတဲ့ ဟုန်းရဲ့အစေခံအချို့ကလဲကျနေပြီး တပ်သား၂၀လောက်ကိုလည်း အရိပ်နဲ့တိုက်ခိုက်နေပေပြီ။ အမတ်ချုပ်ကြီးတို့က ကျွန်မကိုအထင်သေးစွာ လူအနည်းငယ်ပဲလွှတ်လိုက်တာကိုး။
YOU ARE READING
𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete)