🔹10🔹

242 26 4
                                    

[Unicode]


စိုးရိမ်ထိန့်လန့်တဲ့စိတ်နဲ့ မြင်းကိုဒုန်းစိုင်းစီးလာခဲ့ပင်မဲ့ ကြိုဆိုနေတဲ့ပြည်သူတွေ အထိန့်တလန့်မဖြစ်စေလို၍ ဖြည်းဖြည်းချင်း နန်းတော်ကိုဦးတည်လာခဲ့ရတယ်။

ဂိတ်ဝကနေ နန်းတွင်းထဲဝင်လာတော့ ခမည်းတော်၊မယ်တော်နဲ့ အမတ်တွေအပြင် နန်းတွင်းအမှုထမ်းအားလုံးကိုတွေ့လိုက်ရတယ်။ မယ်တော့်နောက်နားရှိနေတဲ့ အရိပ်လေးကြောင့် အံ့သြခြင်းများစွာ~

ခရမ်းနုရောင်ဂါဝန်လေးကို ဆင်စွယ်ရောင်အပေါ်ထပ်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့သူမရဲ့ ဆေးကူမပါတဲ့ နှုတ်ခမ်းလေးများဟာ ဖြူဖျော့လို့နေတယ်။ တောက်ပနေတဲ့အပြုံးလေးများဟာ အနည်းငယ်မှိုင်းနေတာကိုမြင်ရတော့ ကိုယ့်ကိုကိုယ်အပြစ်တင်လို့မဆုံး။

မြင်းပေါ်ကဆင်းလာချိန်ထိ သူမကိုသာ ကြည့်မိလို့နေတယ်။ ဘာကိုမှမမြင်နိုင်တော့ပဲ ခြေလှမ်းများဟာ အလိုအလျှောက်သူမထံသို့-

"အရှင့်သား~"

ဖျော့တော့နေတဲ့ခေါ်သံလေးကြောင့် မနေနိုင်တော့ပဲ ရင်ခွင်ထဲဆွဲသွင်းမိတော့တယ်။

"ကျန်းမာရေးလည်းကောင်းသေးတာမဟုတ်ပဲ ဘာလုပ်တာလဲ"

"ကတိပေးထားတယ်လေ။ ထွက်ကြိုပေးပါ့မယ်လို့"

"ကတိကြောင့်ပေါ့လေ"

စိတ်ဆိုးချင်တဲ့လေသံမျိုးနဲ့ပြောနေပင်မဲ့ ဖက်ထားတာကို ဖယ်မပေးတဲ့အရှင့်သားကြောင့် ခါးလေးကိုပြင်လည်ဖက်တွယ်ထားလိုက်တယ်။

"အားညီးယော သတိရနေလို့ပါ။ လွမ်းနေခဲ့လို့"

"ကိုယ်လည်း အရမ်းလွမ်းနေခဲ့တာ"

ပြန်လည်ရွှင်လာတဲ့အသံလေးကြောင့် ကျွန်မပြုံးမိပါသေးတယ်။

"အခုလွှတ်ပေးပါတော့။ အမတ်တွေနဲ့ အမှုထမ်းတွေက ခေါင်းလွှဲထားပင်မဲ့ မင်းကြီးနဲ့ မယ်တော်မိဖုရားခေါင်ကြီးတို့ရှိနေပါသေးတယ်"

"အာ~~"

ထိုအခါမှ ပြုံးပြုံးလေးနဲ့ လည်ဂုတ်ကိုလက်နဲ့ပွတ်ရင်း ရှက်နေတဲ့အရှင့်သားဟာ လူကြားထဲ လာဖက်တဲ့အရှင့်သားနဲ့ တစ်ယောက်တည်းဆိုတာ စင်စစ်ယုံနိုင်ဖွယ်မရှိ။

𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete) Where stories live. Discover now