[Unicode]
အမဲလိုက်ပွဲမစတင်ခင် အရှင်က သွားစရာနေရာရှိသည်ဟုဆိုတာမို့ ယခုကျွန်မနဲ့အရှင်သည် နှစ်ယောက်တည်း အရှင်ဦးဆောင်ရာသို့ သွားနေကြခြင်းပင်။
တစ်နေရာအရောက်အရှင်က ရပ်လိုက်တာမို့ ကျွန်မပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်မိတယ်။ အရှင်မျက်နှာမူထားရာ ခပ်လှမ်းလှမ်းတွင် မြေပုံလေးခုကို အစဥ်လိုက်တွေ့လိုက်ရတယ်။
"လာ အချစ်။ အချစ်နဲ့မိတ်ဆက်ပေးရမဲ့သူရှိတယ်"
အရှင်က ထိုမြေပုံတွေရှေ့ သွားလိုက်ပြီး အလယ်မှာရှိတဲ့အသေးဆုံးမြေပုံရဲ့ရှေ့မှာရပ်လိုက်တယ်။
"ကလေး အခုမှရောက်လာလို့ ကိုကို့ကို စိတ်ဆိုးနေပြီလား။ နောက်ကျသွားလို့တောင်းပန်ပါတယ်နော်"
အမြဲတောက်နေတတ်တဲ့ အရှင်ရဲ့မျက်ဝန်းလေးတွေက အနည်းငယ်မိုင်းတွေနေတာကို ကျွန်မတွေ့လိုက်ရတယ်။ ဤမြေပုံရဲ့ပိုင်ရှင်ဟာ ဘယ်သူများလဲ?...
"အော် ကလေး ဒါကလေးကို ကိုကိုပြောတဲ့ ကိုကို့ရဲ့ချစ်ရတဲ့မိဖုရားလေ"
အရှင်ရဲ့မိတ်ဆက်သလိုအဆိုကြောင့် မည်သူမှန်းမသိပင်မဲ့ ကျွန်မဦးညွန့်ကာ နှုတ်ဆက်လိုက်တယ်။
"အခုကိုကိုအဆင်ပြေနေပြီမို့ ကလေးစိတ်ချတော့နော်"
ကျွန်မရဲ့လက်ကိုတင်းကျပ်စွာစုတ်ကိုင်ခြင်းခံလိုက်ရတယ်။ ဤသေဆုံးသွားသူဟာ အရှင့်အတွက်အလွန်အရေးပါခဲ့ပုံရသည်။ ထိုမြေပုံလေးခုကို ဂါရဝပြုပြီးပြန်လာသည်အထိ အရှင်ဟာ ဘာစကားမှမဆိုတာမို့ ကျွန်မလည်းအလိုက်တသိငြိမ်နေလိုက်တယ်။
"အချစ် ယခင်က မင်းဆန့်ကျင်တဲ့စာအုပ်တွေထုတ်ဝေမှုနဲ့ သေဒဏ်ကျခဲ့တဲ့ ပညာရေးအမတ်မင်ကိုသိလား"
အရှင့်ရဲ့အပြောကြောင့် ကျွန်မတစ်ကိုယ်လုံး တောင်းတင်းသွားခဲ့တယ်။
"အချစ်က ယောင်းလေးနဲ့ရွယ်တူလောက်ဆိုတော့ ငယ်သေးလို့မမှတ်မိလောက်ဘူး"
ကျွန်မဆီကပြန်ဖြေသံမကြားတာကြောင့် အရှင်က ကျွန်မမမှတ်မိဘူးထင်သွားတယ်။
YOU ARE READING
𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete)